Monday, October 17, 2011

မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင် ဖမ်းဆီးရမိ

မက္ကဆီကိုသမ္မတ ဖိလစ်ပီ ကယ်လ်ဒီရွန်

မက္ကဆီကိုနာမည်ကြီးဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ဇီတာဂိုဏ်းနှင့် မက္ကဆီကို တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးဦး သေဆုံးကာ ဂိုဏ်းခေါင်းဆာင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရဲနှင့်စစ်တပ်တို့ပူးပေါင်းကာ ရက်ပေါင်းမျာစွာကြာအောင် စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲမှုကြောင့် ဂိုဏ်းခေါင်းဆောင် အယ်လ်ချာဘယ်လို နှင့်အတူ အခြားအဖွဲ့ဝင် ဆယ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

ဂိုဏ်းခေါင်းဆောင် အယ်လ်ချာဘယ်လိုသည် မြောက်ပိုင်းနျူဗိုလွန်ယွန် ဒေသရှိမြို့များတွင် ဂိုဏ်း၏အလုပ်များကို ဦးဆောင်ကွပ်ကဲသူဖြစ်သည်ဟု ယူဆရသည်။
မူးယစ်ဂိုဏ်းများနှင့်ပတ်သက်၍ နောက်ထပ်ဖြစ်ရပ်တစ်ခုတွင်လည်း မူးယစ်ဂိုဏ်းတစ်ခုမှ မတရားဖမ်းဆီးခေါ်ဆောင် ထားကာ အဓမ္မခိုင်းစေခြင်းခံနေရသော လူ ၆၁ ယောက်ကို ရဲကပြန်လည်လွှတ်ပေးနိုင်ခဲ့သည်။ ထိုလူများကို စနေနေ့က ပီးဒရက်စ်နီဂရက်စ်ရှိ အိမ်တစ်အိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်မှပြောကြားသည်။
လုံခြုံရေးရှင်းလင်းမှုလုပ်စဉ်တွင် ဆေးခြောက် ၆ တန်တင် ဆောင်ထားသော ထရပ်ကားတစ်စင်းကိုလည်း တွေ့ရှိခဲ့ရ ကြောင်း စစ်တပ်မှဆိုသည်။ မတရားဖမ်းဆီးခြင်းခံထားရသော လူများထဲတွင် ဟွန်ဒူးရပ်စ်မှ လူတစ်ဦးပါဝင်ပြီး အခြားသူများမှာ မက္ကဆီကိုနယ်အသီးသီးမှလူများဖြစ်ကြသည်။
ပီးဒရက်စ်နီဂရက်စ်သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်၊ အီးဂဲပတ်စ်နှင့် မက္ကဆီကို ကိုဟူလာပြည်နယ် နယ်စပ်မျဉ်းပေါ်တွင်တည်ရှိသော မြို့ဖြစ်ပြီး မူးယစ်ဂိုဏ်းများနှင့် တိုက်ပွဲများဖြစ်ပွားနေသော ဒေသဖြစ်သည်။

လွန်ခဲ့သောအပတ်ကလည်း ဇီတာမူးယစ်ဂိုဏ်းမှ အရေးကြီးခေါင်းဆောင်တစ်ဦးကို ယင်းဒေသအတွင်း၌ စစ်တပ်မှ ဖမ်းဆီးရမိခဲ့သည်။ မက္ကဆီးအကျဉ်းထောင်များအတွင်း၌လည်း အကြမ်းဖက်အဓိကရုဏ်းများဖြစ်ပွားလျက်ရှိခြင်း ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေရသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။