Sunday, October 16, 2011

တရုတ်အမျိုးသားတစ်ဦးကို နှိမ့်ချစော်ကားပြောဆိုခဲ့တဲ့ ဂျပန်လူဝင်မှုဌာန

အီဘာရာကီ ရပ်ကွက် အူရှီကူရှိ ဂျပန်တရားရေးဝန်ကြီးဌာန၏ ၀န်ထမ်းတစ်ဦးက ဌာနအချုပ်မှာ ဖမ်းဆီးထားသောတရုတ် အမျိုးသားတစ်ဦးကို နှိမ့်ချစော်ကားပြောဆိုခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဝန်ထမ်းက အဲဒီတရုတ်အမျိုးသားကို `နိုင်ငံခြားသားတွေကို လုပ်ချင်သလိုလုပ်ရတာ ပျော်စရာကြီး´ လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီတရုတ်လူမျိုးကို ဂျပန်အရှေ့ဘက်လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်မှာထိန်းသိမ်းထားပြီးတော့ နိုင်ငံခြားသားတွေကို အကူအညီပေးတဲ့ အဖွဲ့တစ်ဖွဲ့က တွေ့ဆုံအင်တာဗျူးတဲ့ အခါမှာ ဒီလို နှိမ့်ချစော်ကား ပြောဆိုခဲ့တဲ့ အကြောင်းတရုတ်အမျိုးသားက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အဲဒီအဖွဲ့ကပဲ ဦးဆောင်ပြီးတော့ ဌာနကို တရားစွဲဆိုခဲ့ပါတယ်။
အဲဒီနောက် ဌာနက စော်ကားခံခဲ့ရတဲ့ တရုတ်အမျိုးသားကိုတောင်းပန်ခဲ့ပြီးတော့ ပြောဆိုခဲ့တဲ့ ၀န်ထမ်းကိုလည်း အခြားနေရာ တစ်ခုကို ရွှေ့ပြောင်းပေးလိုက်ပြီးဖြစ်တဲ့အကြောင်းကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့အချိန်ကတော့ လွန်ခဲ့တဲ့သြဂုတ်လအတွင်းမှာ ဖြစ်ပါတယ်။

တရုတ်အမျိုးသားဟာ ရာဇ၀တ်မှုတစ်ခုမှာပါဝင်ခဲ့ပြီး သူ့ရဲ့ဗီဇာကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ စော်ကားခံရတဲ့ တရုတ်လူမျိုးနဲ့ သူနဲ့တစ်ခန်းထဲ အတူဖမ်းခံထားရတဲ့ နိုင်ငံခြားသားတွေက ဒီလိုစော်ကားပြောဆိုခံခဲ့ရတဲ့အကြောင်း ဌာနကိုတိုင်ကြားခဲ့ပြီး တစ်လလောက်ကြာမှ ပြန်လည်တောင်းပန်ခြင်းဖြစ်ပါတယ်။ ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားခြင်းမျိုးတော့ မရှိပါ ဘူးလို့ ဌာနက ပြောပါတယ်။
`ဒီဝန်ထမ်းဟာ အဲဒီစကားကို အပြောင်အပျက်နေနဲ့ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မပြောသင့်ပါဘူး။´ လို့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ် ။
အဲဒီလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အချုပ်မှာ လောလောဆယ် နိုင်ငံခြားသား ၂၆၀ လောက်ကိုထိန်းသိမ်းထားပြီး အမြဲတမ်းအခြေ ချနေထိုင်ခွင့်လျှောက်ထားဆဲလူတွေပါသလို တရားမ၀င်နေထိုင်နေသူတွေလည်းပါပါတယ်။
ဒါ့အပြင် ယာယီပြန်လည်လွှတ်ပေးရေးလျှောက်လွှာတင်ထားတဲ့အပေါ်ဘာမှပြန်လည် အကြောင်းကြားခြင်းမရှိသေးတဲ့ အတွက် ပါကစ္စတန်နဲ့ အီရန်လူမျိုးတွေ အပါအ၀င် နိုင်ငံခြားသား ၅၀ ဟာ အင်္ဂါနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေကြပါတယ်။

Source: The Japan Times

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။