Sunday, October 30, 2011

ဂျပန်လူဦးရေ တိုးနှုန်းကျ


၂၀၁၀ အောက်တိုဘာလ ၁ ရက်နေ့ စာရင်းအရ ဂျပန်လူဦးရေ ၁၂၈,၀၅၇,၃၅၂ ယောက်ရှိသည်။ လွန်ခဲ့သောငါးနှစ် ကထက် ၀.၂ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပြီး ၁၉၂၀ မှစကြည့်လျှင် ငါးနှစ်တစ်ကြိမ်လူဦးရေတိုးပွားမှုနှုန်း အနည်း ဆုံးနှုန်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သောလေ့လာမှုစစ်တမ်းအရ သိရသည်။ ဂျပန်လူမျိုးမဟုတ်သူများကို စာရင်းမသွင်းပဲထားမည်ဆိုပါက လူဦးရေ ၃၇၁,၀၀၀ (၀.၃%) ကိုပြန်လည်နှုတ်ရဦးမည်ဖြစ်ပြီး ၁၉၇၅ ခုနှစ်မှစ၍ ကြည့်လျှင် လူဦးရေအလျော့နည်းဆုံးအချိန်ဖြစ်သည်။ ၁၉၇၅ ခုနှစ်မှစ၍ ဂျပန်နှင့် ဂျပန်မဟုတ်သူများကို ခွဲခြားကာ စာရင်းကောက်ယူခဲ့ကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။ ဂျပန်မဟုတ်သူ ဂျပန်နိုင်ငံ သားများ၏ လူဦးရေတိုးပွားနှုန်းမှာ ၅.၉ ရာခိုင်နှုန်းရှိပြီး လူဦးရေ ၉၃,၀၀၀ ရှိသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။