Friday, October 21, 2011

ငြိမ်းချမ်းရေးတပ်သားများကို ဆိုမာလီသူပုန်များကသတ်ဖြတ်


ဆိုမာလီသူပုန် အယ်လ်ရှာဘက်တို့က အာဖရိကသမဂ္ဂငြိမ်းချမ်းရေးတပ်မှ တပ်သား ၇၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီး မြို့တော်မိုဂါဒစ်ရှူးနှင့် ၁၈ ကီလိုမီတာအကွာတွင် ပြသထားခဲ့သည်။
ကြာသပတေးနေ့က အယ်လ်ရှာဘက်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသတ်ခံခဲ့ရသည့်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များသည် ဘူရန်ဒီစစ်သားများဖြစ်ကြောင်း အယ်ရှာဘက်သူပုန်တပ်မှူး အဘူအိုမာက ဆိုသည်။
`တိုက်ပွဲအတွင်းမှာ ဘူရန်ဒီတပ်သား ၁၅၀ ကျော်လောက်သေဆုံးသွားခဲ့တယ်လို့ အခိုင်အမာပြောလိုပါ တယ်။ အဲဒီထဲက အလောင်း ၇၆ လောင်းကိုတော့ကျုပ်တို့ရခဲ့ပြီး တိုက်ပွဲက ခြောက်နာရီလောက်ကြာခဲ့တယ်။´ ဟု အယ်လ်ဂျာဇီယာသို့ပြောလေသည်။
အလောင်းများကို သဲပြင်ပေါ်တွင် ချထားပြီး သတင်းထောက်များသို့ပြသခဲ့သည်။ အယ်လ်ရှာဘက်ပြောရေးဆိုခွင့်ရှိ သူ ရှိတ်အလီမာမွတ်ရေ့ဂ်ျက `ဒီနေ့ ရန်သူစစ်သား ၇၀ ကျော်ကျုပ်တို့သတ်ဖြတ်နိုင်ခဲ့တယ်။ ဒီကောင်တွေကို ကောင်းကောင်းးဒုက္ခပေးလိုက်နိုင်တယ်။ ခင်ဗျားတို့ အဲဒီမှာ အလောင်းတွေကိုသာ ကြည့်ပေတော့။´ ဟု ဆိုသည်။

အလောင်းများကို အယ်လ်ရှာဘက်ထိန်းချုပ် အယ်လ်-မန်းဒေသတွင် ပြသထားခြင်းဖြစ်ပြီး မိုဂါဒစ်ရှူးမှ ၁၈ ကီလိုမီတာ အကွာတွင်ရှိသည်။ အလောင်းများသည် ဆိုမာလီများမဟုတ်ကြောင်း ၊ အများစုမှာ စစ်ဝတ်စုံးများဝတ် ဆင်ထားကြောင်း မျက်မြင်သက်သေများက ဆိုသည်။
`စစ်သားတွေအသတ်ခံထားရတာ တစ်ပြုံကြီးပဲ ။ ကျွန်တော်ရေခဲ့တာတော့ ဘူရန်ဒီစစ်သား ၆၃ ယောက် ပါတယ်ဗျ။ ရှာဘက်သူပုန်တွေက သူတို့ကို အလာမန်ဒါကို ထရပ်နဲ့တင်သွားတာဗျ။ ´ ဟု မျက်မြင်သက်သေတစ်ဦး ဖြစ်သူ ဟာဆန်ယူးနက်စ်က ပြောလေသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။