Monday, October 31, 2011

ကင်ညာလေကြောင်းမှ တိုက်ခိုက်မှု ဆိုမာလီဒုက္ခသည်စခန်းကိုထိ


ကင်ညာက ဆိုမာလီယာသို့လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ဆိုမာလီယာတောင်ပိုင်းရှိ အမျိုးသမီးများ၊ ကလေး များနေထိုင်သော ဒုက္ခသည်စခန်းကို ထိမှန်ပြီး အနည်းဆုံး သုံးဦးသေဆုံးကြောင်း မျက်မြင်သက်သေများနှင့် အကူ အညီပေးရေးအဖွဲ့များ၏ ပြောဆိုချက်များအရသိရသည်။
အရပ်သားများသေဆုံးခြင်းမရှိကြောင်း ၊ အယ်လ်ရှာဘက်အကြမ်းဖက်အဖွဲ့မှ အကြမ်းသမား ၁၀ ဦးသေဆုံးသွား ကြောင်းသာ ပြောဆိုငြင်းဆန်ခဲ့သည်။ ကင်ညာစစ်တပ်က အယ်လ်ရှာဘက်သူပုန်များကို လိုက်လံခြေမှုန်းတိုက်ခိုက် နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ရှိပြီဖြစ်သည်။

ဆိုမာလီအငတ်ဘေးကြောင့် ဒုက္ခသည်စခန်းတွင်း နေထိုင်သူ ၉,၀၀၀ ခန့်ရှိပြီး တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး ကြောင်းနယ်စည်းမခြားဆေးဝါးအကူအညီပေးရေးအဖွဲ့က ပြောသည်။ မျက်မြင်သက်သေများက သေဆုံးသူငါးဦး အထိရှိကြောင်းပြောဆိုပြီး ကင်ညာဗုံးကြဲလေယာဉ်များသည် ဂျီလစ်မြို့ပေါ်တွင် ပျံသန်းခဲ့ကြောင်း ဆိုသည်။

`အမျိုးသမီးနဲ့ ကလေးအများစုပါဝင်ပြီး ဒဏ်ရာရသူ ၅၃ ယောက်လောက်ရှိတယ်လို့ကျွန်တော်တို့ရဲ့ ၀န်ထမ်း တွေက ပြောပါတယ်။ အဲဒီထဲကမှ ၃ ယောက်သေဆုံးသွားပါတယ်။ ´ ဟု နယ်စည်းမခြားဆေးဝါးအကူအညီပေးရေး အဖွဲ့ (နယ်သာလန်) မှ ဆိုမာလီတာဝန်ခံ ဂူတမ်ချက်တာဂျီးက AFP သတင်းသို့ပြောပြသည်။
`ဗုံးတစ်လုံးက စခန်းနားမှာကျကွဲတယ်။ အဲဒီနေရာမှာ အယ်လ်ရှာဘက်အဖွဲ့က လူတွေက ဒုက္ခသည်တွေကို စားစရာတွေဝေပေးနေတယ်။´ ဟု ဒေသခံတစ်ဦးက AFP သို့ပြောသည်။
`နေရာမှာတင် ၇ ယောက်သေသွားတယ်။ အဲဒီထဲက သုံးယောက်ကို ကျွန်တော်မြင်လိုက်ရတယ်။´ ဟု ဆိုမာလီအဓိက ပင်လယ်ဆိပ်ကမ်း ကစ္စမာယိုမြို့မှ မြောက်ဘက်ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်ရှိသော ဂျီလစ် မြို့မှ ပြောနေခြင်းဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။