Monday, October 24, 2011

၂၀၁၃ တွင် ဂျပန်၌ အခွန်ကြမ်းမည်

သဘာဝဘေးဒဏ်ခံနယ်မြေများပြန်လည်တည်ဆောက်ရေးအတွက် အစိုးရ၏ အခွန်တိုးမြှင့်ရေးနှင့် ပင်စင်အာမခံ ကြေးများတိုးမြှင့်လိုက်ခြင်းကြောင့်လခစားဝန်ထမ်းများရှိသောမိသားစုများတွင် လာမည့် ၂၀၁၃ တွင် သူတို့ရမည့် လစာများထဲမှ ယန်း ၆၀၀,၀၀၀ ခန့် ဖြတ်တောက်ခံရမည်ဖြစ်ကြောင်း ပုဂ္ဂလိကသုတေသနဌာနတစ်ခုဖြစ်သော ဒိုင်ဝါ အင်စတီကျု၏ တွက်ချက် မှုအရသိရှိရသည်။ ထို့ကြောင့်တစ်နှစ်ဝင်ငွေ ယန်း ၄ သန်းရှိသော မိသားစုတစ်စုတွင် ယန်း ၁၃၂,၉၀၀ ခန့်လျော့သွားမည်ဖြစ်သည်။သို့သော် ယန်း ၈ သန်းဝင်ငွေရှိသော မိသားစုတွင်မူ ယန်း ၁၅၁,၅၀၀ ခန့်သာလျော့မည်ဖြစ်သည်။

ထို့အတူ ယန်း ၁၀ သန်းဝင်ငွေရှိသောမိသားစုတွင် ယန်း ၄၀၇,၇၀၀၊ ယန်း ၂၀ သန်းဝင်ငွေရှိလျင် ယန်း ၆၀၁,၁၀၀ ခန့်အသီးသီးဖြတ်တောက်ခံရမည်ဖြစ်၏။
အခွန် နှင့်ပင်စင်တိုးမြှင့်ပြီး ကလေးငယ်ထောက်ပံ့ကြေးငွေများလျှော့ချမည်ဖြစ်သည်။
ထို့ပြင် ယန်း ၆ သန်းနှင့် အထက်ဝင်ငွေရှိပြီး ချမ်းသာသောမိသားစုများအတွက် ၂၀၁၂ ခုနှစ်မှစ၍ကလေးထောက်ပံ့ ကြေးရမည် မဟုတ်တော့ချေ။
ပြုပြင်ပြောင်းလဲရေးတွင် ထည့်သွင်းစဉ်းစားလျက်ရှိပြီး လူမှုလုံခြုံရေးစံနစ်အရ စားသုံးခွန်များလည် တက်နိုင်ဖွယ်ရှိ ကြောင်း တွက်ချက်ထားသည်။
ဒိုင်အိချိသုတေသနဌာနမှ တွက်ချက်ထားသော နောက်ထပ်တွက်ချက်မှုတစ်ခုအရ စားသုံးခွန်ကို လက်ရှိ ၅% မှ ၈% သို့မြှင့်တင်လိုက်ပါက ကလေးနှစ်ယောက်အပါအ၀င် မိသားစုလေးဦးရှိပြီး ယန်း ၄ သန်းဝင်ငွေ ရှိသော မိသားစုတစ် စုတစ်စုတွင် ပေးဆောင်ရမည့် အသားတင်အခွန်ငွေမှာ ယန်း ၇၁,၀၀၀ ရှိသွားမည်ဖြစ်ပြီး ၊ အလားတူ မိသားစုတစ်စု တွင် ယန်း ၈ သန်းဝင်ငွေရှိပါက အသားတင်အခွန်ငွေ ၁၁၇,၀၀၀ အထိရှိသွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။