Tuesday, October 4, 2011

မက္ကဆီကိုတွင် အမေရိကန်နှစ်ဦး အသတ်ခံရ


မက္ကဆီကိုမြို့ ဆီအူဒက်ဂျူအာရက်ဇ်မြို့တွင် ကားတစ်စီးကို လက်နက်ကိုင်လူတစ်စုက တိုက်ခိုက်သတ်ဖြတ်ခဲ့ရာ ကားပေါ်ပါ လူလေးဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ အမေရိကန်လူမျိုးများဟု သိရသည်။
ထို့ပြင် မြို့တော်မက္ကဆီကို၌ လူနှစ်ယောက်ကို သတ်ဖြတ်ပြီးခေါင်းဖြတ်ထားသော အမှုတစ်ခုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်သတ်ဖြတ်မှုဟု ယူဆရသည်။
မက္ကဆီကိုတွင် မူးယစ်ဆေးဝါးဂိုဏ်းများ၏ အကြမ်းဖက်သတ်ဖြတ်များမှုများ ယခုအပတ်အတွင်းပြန်လည်တိုးပွားလာသော်လည်း ပစိဖိတ်သမုဒ္ဒရာကမ်းခြေရှိ အကာပူလ်လိုအပန်းဖြေးစခန်းရှိ လပေါင်းများစွာပိတ်ထားသော ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့ သည်။
ဆီအူဒက်ဂျူအာရက်ဇ်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်က အသတ်ခံခဲ့ရသော အမေရိကန်နှစ်ဦးမှာ ၁၉ နှစ်အရွယ် ပါဘလိုနိုးဝီလီယံနှင့် အသက် ၃၅ နှစ်ရှိသူ၏ မိခင် ရိုဆာဝီလီယံတို့ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း အယ်လ်ပါဆိုတိုင်းမ် သတင်းစာတွင် အင်္ဂါနေ့က ဖေါ်ပြခဲ့သည်။
ခေါင်းဖြတ်သတ်ခံရသူနှစ်ဦးမှာ ၂၄ နှစ်ရှိ အယ်ဘာတိုနီတိုနီတိုနှင့် ၂၁ နှစ်ရှိရှိ အယ်မာ ရိစ်နီယာဖလောစ်တို့ဖြစ်ကြသည်။

ဂျူအာရက်ဇ်တွင် အသတ်ခံရသူလေးဦးသည် သောကြာနေ့ညနေက တက္ကဆက်နံပါတ်ပြားတပ်ဆင်ထားသော လေးဘီးမောင်း ကားတစ်စီးပေါ်တွင် လိုက်ပါလာခဲ့ကြပြီး ချေမှုန်းရေးရိုင်ဖယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ချီဟွာဟွာပြည်နယ် ရှေ့နေချုပ်ရုံးမှ ပြောကြားခဲ့သည်။

မက္ကဆီမြို့တော်ရဲများသည် အဖြတ်ခံထားရသော ဦးခေါင်းနှစ်လုံးကို စစ်တပ်အခြေစိုက်စခန်းတစ်ခုအနီး လမ်းမပေါ်တွင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ယင်းအပြုအမူမျိုးသည် မူးယစ်ဂိုဏ်းများ၏ ရန်ငြှိုးရန်စကို ဖြေရှင်းသောပုံစံတစ်ခုဖြစ်သည်။

မူးယစ်ဂိုဏ်းများသည် ခေါင်းဖြတ်လူသတ်ခြင်းကို အကြိမ်ကြိမ်ပြုလုပ်ကျူးလွန်လေ့ရှိပြီး ပြိုင်ဘက်များကို ခြောက်လှန့်ခြင်း၊ ခြိမ်း ခြောက်ခြင်းအနေနှင့် ကျူးလွန်ကြခြင်းဖြစ်ကာ မက္ကဆီကို တောင်ပိုင်း အကာပူလ်လိုမြို့များကဲ့သို့ မြို့များတွင် အဖြစ်များသည်။

သို့သော် ယခုဖြစ်ပွားမှုသည် ၂၀၀၈ ခုနှစ်မှစ၍ ပထမဦးဆုံးအဖြစ် လူတစ်ယောက်ထက်ပို၍ ခေါင်းဖြတ်သတ်ခံရခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်းက မြို့တော်၏ လေယာဉ်ကွင်းအနီးတွင် ဖြတ်ထားသောခေါင်းနှစ်လုံးကို တွေ့ရှိခဲ့ရသည်။
၂၀၀၇ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ယင်းအနီးတစ်ဝိုက်မှာပင် ဦးခေါင်းနှစ်လုံး ကိုတွေ့ရှိခဲ့ကြသေးသည်။ ယင်းအမှုများ သည် မူးယစ်ဆေးဝါးများကို တင်ပို့ရာတွင် လေဆိပ်၌ဖမ်းဆီးရမိခဲ့သော ဖြစ်ရပ်များနှင့်ဆက်စပ်နေမည်ဟု ယူဆကြသည်။

တနင်္လာနေ့က တွေ့ရှိခဲ့ရသော ခေါင်းနှစ်လုံးကို လေးဘီးမောင်းကားတစ်စင်း၏ ရှေ့စက်ခေါင်းပေါ်တွင်တစ်လုံး၊ အနီးအနားရှိ လူသွားလမ်းဘေးတွင်တစ်လုံးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း မက္ကဆီကိုမြို့တော် ရှေ့နေချုပ်မီဂွယ်မန်စရာ၏ ရုံးခန်းမှ ထုတ်ပြန်သော ကြေငြာချက်ထဲတွင်ဖေါ်ပြထားသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။