Friday, October 28, 2011

ဥက္ကလံဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရ


အင်္ဂါနေ့ အစောပိုင်းက ကာလီဖိုးနီးယားပြည်နယ်၊ ဥက္ကလံတွင် ရဲများက အရင်းရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ဖလက်ရှ်ဘန်း ဗုံးများဖြင့် အိပ်နေကြသော ဆန္ဒပြသူများကြားပစ်ခွဲဖြိုခွင်းခဲ့ကြသည်။

'Occupy Wall Street' ဆန္ဒပြပွဲများ၏ နောက်ဆက်တွဲအဖြစ် `Occupy Oakland´ ဟူသော အမည်ဖြင့် ကာလီဖိုးနီးယား သားတို့က ဆန္ဒပြခဲ့ကြသည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရကြား ဘဏ္ဍာရေးအကြပ်အ တည်းကို ဖြေရှင်းရန် နည်းလမ်းများကို သဘောမကျခြင်းကြောင့်ဖြစ်သည်။ ဘဏ္ဍာရေးအခက်အခဲကြောင့် စာကြည့် တိုက်အမျိားအပြားကို ပိတ်လိုက်ရမည်ဖြစ်ပြီး ပြည်နယ်တွင်းကျောင်းဆရာ ၅၀၀ ခန့် အလုပ်လက်မဲ့ဖြစ်သွားမည့် အခြေအနေရှိသည်။ ဥက္ကလံရှိ ကျောင်း ၅ ကျောင်းကိုလည်း နောက်လာမည့်နှစ်မတိုင်မီပိတ်ပစ်ရတော့မည်ဖြစ်၏။
အော်ကျူပိုင်း ဥက္ကလံ လှုပ်ရှားမှုကို အောက်တိုဘာ ၅ ရက်နေ့မှစတင်ကာ လူပေါင်း ၂,၀၀၀ ခန့်ပါဝင်ဆန္ဒပြခဲ့ကြ သည်။ အလုပ်သမားအဖွဲ့တစ်ဖွဲ့က ရွှေ့ပြောင်းယာယီအိမ်သာများလာရောက်လှူဒါန်းသွားပြီး အော်ကျူပိုင်း ဥက္ကလံ တွစ်တာအကောင့်မှ လှုံ့ဆော်မှုကြောင့် ရက်ပ်အဆိုတော် လုပ်ဖိုင်ရက်စကိုမှ အစားအသောက်များနှင့် မီးစက်တစ် လုံးလာရောက်လှူဒါန်းသွားလေသည်။ အသင့်စားကြက်ကြော်များနှင့် အသားကင်များကိုလည်း အနီးပတ်ဝန်းကျင်မှ လူများလာရောက်လှူဒါန်းထားကြပြီး အချိန်မရွေးအခမဲ့စားသောက်နိုင်လေသည်။ စာကြည့်တိုက်တစ်တိုက်ကိုလည်း ဖွင့်လှစ်ထားပေးပြီး မည်သူမဆိုသွားရောက်ငှားရမ်းဖတ်ရှုနိုင်လေသည်။ သို့သော် အနီးအပါးမှ အိမ်ခြေယာခြေမဲ့များ အတွက် နေရာထိုင်ခင်းပေးထားသော ဂေဟာများက အိပ်ယာမရှိသည့် အိမ်ယာမဲ့ များအား ဆန္ဒပြနေရာစခန်းသို့ သွားရောက်နေထိုင်ကြရန် လမ်းညွှန်ပေးနေကြောင်း ကောလဟလတစ်ခုထွက်ပေါ်လျှက်ရှိသည်။
ထို့ပြင်ဆန္ဒပြသူများစခန်းချထားရာ ပလာဇာတွင် မြို့ပြဥပဒေများနှင့်မညီညွတ်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်ခြင်း၊ ကိုယ်နံ့ကိုယ်သက်များဆိုးဝါးခြင်းတို့ကြောင့် အနီးအပါးရှိလူများအား အနှောက်အယှက်ဖြစ်ရကြောင်း ဝေဖန်မှုများ ရှိသည်။


Source : Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။