Saturday, October 29, 2011

ဘန်ကောက်မြို့သို့ ရေများရောက်ရှိ


ထိုင်းနိုင်ငံဘန်ကောက်မြို့တော်အတွင်း ရေများစတင်ဝင်ရောက်လာနေပြီဖြစ်၍ ထောင်ပေါင်းများစွာသော မြို့သူမြို့ သားများ ရေလွတ်ရာသို့ပြောင်းရွှေ့စွန့်ခွာနေကြရပြီး ဇူလိုင်လလယ်မှ စတင်သောရေဘေးတွင် တစ်နိုင်ငံလုံးအတိုင်း အတာအားဖြင့် လူ ၃၇၇ ခန့် သေဆုံးပြီးဖြစ်သည်။

သောကြာနေ့မှစတင်၍ ကျောက်ဖရားမြစ်ရေလျှံတက်လျက်ရှိရာ ယခုစနေ၊ တနင်္ဂနွေတွင်ဆက်လက်မြင့်တက်နိုင်ဖွယ် ရှိပြီး ယခင်စံချိန်များ အားလုံးထက် ကျော်လွန်သွားမည်ဟု ခန့်မှန်းထားကြသည်။ စနေနေ့တွင် အမြင့်ဆုံးရေချိန်သို့ ရောက်ရှိမည်ဖြစ်သည်။
ဘန်ကောက်မြို့တော်တစ်ခွင်ရှိ အဆောက်အဦများကို သဲအိတ်များဖြင့် ကာရံထားကြပြီး အမြဲတစေအသွားအလာ ရှုပ်ထွေးသော လမ်းမကြီးများလည်း အသွားအလာများပြတ်တောက်ကုန်ပြီဖြစ်၏။
`ရေကဆက်ပြီး တက်လာနေတဲ့ အတွက် ဘန်ကောက်မြို့သားထောင်ပေါင်းများစွာဟာ မြို့ကိုစွန့်ခွာသွားနေ ကြရပါတယ်။ အချို့ဆို ရေရောက်မလာခင်ကတည်းက အိမ်တွေကို ကြိုတင်စွန့်ခွာသွားကြပါပြီ။ အချို့ကတော့ ဗြုန်းစားကြီးပဲပြောင်းရွှေ့ဖို့ ညွှန်ကြားချက်ထွက်ပေါ်လာမှ ပြောင်းရွှေ့နေကြရပါတယ်။ ပြောင်းရွှေ့ရေးနဲ့ ကယ်ဆယ် ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စစ်သား ၅၀,၀၀၀ ကျော်ကို ဘန်ကောက်တစ်ခွင်မှာ ချထားပါတယ်။ ဘန်ကောက်မြိ့လည်ခေါင်နေရာကို ကာကွယ်ဖို့အတွက် မြို့စွန်တွေမှာ အကာအကွယ်တွေချရေး အစီအမံတွေ လုပ်ဖို့ စဉ်းစားနေပါတယ်။´ ဟု အယ်လ်ဂျာဇီယာသတင်းထောက် ၀ိန်းဟေးက ဘန်ကောက်မှ နေ၍ သတင်းပေးပို့ ခဲ့သည်။
လွန်ခဲ့သောနှစ်လခန့်ကတည်းက စတင်ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ၂.၂ သန်းခန့်ထိခိုက်ခဲ့ရသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။