Monday, October 24, 2011

တိုကျိုအလုပ်သမားများ အိပ်ချိန် အလွန်နည်းပါး

တိုကျိုမြို့နေအလုပ်သမားများသည် နယူးယောက် ၊ ပါရီ ၊ ရှန်ဟိုင်း ၊ နှင့် စတော့ဟုမ်းမြို့များရှိဘ၀တူအလုပ်သမား များထက် အိပ်ချိန်နာရီဝက်လျော့နည်းကြောင်း သုတေသနတစ်ခုက ဆိုသည်။ အနည်းဆုံးအိပ်ချိန်ခြောက်နာရီသတ် မှတ်ထားရာတွင် တိုကျိုအလုပ်သမားများမှာ ထို့ထက် ၁၄% ပို၍နည်းကြောင်းဆို၏။

ယေဘုယျအားဖြင့် တိုကျိုနေအလုပ်သမားများမှ ည ၁၂း၁၈ မိနစ်တွင် အိပ်ယာဝင်ကြကြောင်း စတန်းဖို့တက္ကသိုလ် နှင့် အိပ်ယာပစ္စည်းများရောင်းသော အာဂျီနိုမိုတိုစားသောက်ကုန် ကုမ္ပဏီတို့မှ ပြုလုပ်သောသုတေသနကဖေါ်ပြ သည်။ အမေရိကန် အမျိုးသားအိပ်စက်ရေးဖေါင်ဒေးရှင်း National Sleep Foundation ကမူ လူတစ်ယောက် တစ်ညလျှင် ၈ နာရီမှ ၉ နာရီအထိအိပ်စက် သင့်ကြောင်း အကြံပြုသည်။

ယင်းသုတေသနစာတမ်းကို ဂျပန်နိုင်ငံ တိုကျိုတွင် ကမ္ဘာ့အိပ်စက်ရေးဖောင်ဒေးရှင်း World Sleep Foundation မှ ကျင်းပသောအစည်းအဝေးတွင် တင်ပြဖတ်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးတွင် ဂျပန်လူမျိုးများ အိပ်ရေး ပျက်ရသည့် အကြောင်းကို လေ့လာပြုစုထားသော အခြားသုတေသနစာတမ်းများကိုလည်း တင်သွင်းခဲ့ကြသည်။ ယင်းတို့ထဲမှ စာတမ်းတစ်ခုတွင် ဂျပန်အထက်တန်းကျောင်းသားများသည် အလွန်အကျွံအိပ်စက်ချိန်နည်းနေကြောင်း တွေ့ရှိရသည်။

`တိုကျိုသား အများစုက အိပ်ရေးမ၀ကြပါဘူး။ အိပ်ရေး၀၀အိပ်ရင် နေ့စဉ်ဘ၀တွေမှာ ပိုပြီးထိရောက်ကောင်းမွန် အောင် လုပ်ကိုင်နိုင်စွမ်းတွေရလာမယ်ဆိုတာ သူတို့နားလည်ဖို့လိုပါတယ်။´ ဟု အာဂျီနိုမိုတိုကုမ္ပဏီမှ အကြီးတန်း သုတေသနပညာရှင် မာကိုတိုဘန်နိုင်းက ပြောကြားခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။