Thursday, November 10, 2011

တူရကီတွင် ဗုဒ္ဓဟူးနေ့က ငလျင်လှုပ်


တူရကီနိုင်ငံအရှေ့ဘက်တွင် အင်အားအသင့်ရှိသော ၅.၆ မဂ္ဂနီကျုရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ အနည်း ဆုံး လူခုနှစ်ဦးခန့်သေဆုံးခဲ့သည်။ လွန်ခဲ့သောသုံးပတ်ကလည်း ယင်းဒေသ၌ပင် ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၆၀၀ ခန့်သေဆုံးခဲ့ပြီးဖြစ်ကြောင်း အစိုးရ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနကပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဒေသစံတော်ချိန် ၉ နာရီ ၂၃ မိနစ်တွင် ဗန်ပြည်နယ်၌လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ၇.၂ မဂ္ဂနီကျုအင်အားရှိသော ငလျင်တစ်ခု ယင်းပြည်နယ်၌ပင် လှုပ်ခတ်ခဲ့သေး သည်။

ယခုနောက်ဆုံးလှုပ်သော ငလျင်အတွင်း အပျက်အစီးများကြားမှ လူ ၂၃ ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ခုနှစ်ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေဆောင်ရွက်ရေးဌာနမှ ပြောကြားခဲ့ သည်။

ကယ်ဆယ်ရေးလုပ်သားများနှင့် မြို့ခံများက အပျက်အစီးများကြားမှ လူများကိုကယ်ထုတ်ရန်ကြိုးပမ်းနေမှုကို ရုပ်မြင် သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။
ငလျင်ကြောင့် အဆောက်အဦ ၂၅ လုံးပျက်စီးခဲ့ပြီး ၂၂ လုံးကိုရှာဖွေရှင်းလင်းပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတိုဂလူက အခင်းဖြစ်ပွားရာနေရာမှ ပြောကြားခဲ့သည်။
“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အဆောက်အဦသုံးလုံးမှာဆက်လက်လုပ်ဆောင်နေပါတယ်။”ဟု သူက ပြောသည်။

ငလျင်ဒဏ်ခံရသည့်အထဲတွင် ဗန်မြို့၏ သက်တမ်းအရင့်ဆုံး ဘေရမ်ဟိုတယ်လည်းပါဝင်ခဲ့ပြီး ယခုအခါ စာနယ်ဇင်း သမားများနှင့် အကူအညီပေးရေးလုပ်သားများများ အသုံးပြုလျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။