Friday, November 11, 2011

အီရန်ကို တိုက်ခိုက်လျှင် ဒေသတွင်းဆိုးကျိုးများဖြစ်နိုင်ကြောင်း ပန်နက်တာ သတိပေး


အစ္စရေးက အီရန်အပေါ်စစ်ရေးအရတိုက်ခိုက်မည်ဆိုလျှင် ဒေသတွင်းမလိုလားအပ်သောအကျိုးဆက်များဖြစ်ပွားလာ မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက သတိပေးပြောကြားလိုက်သည်။
“မလိုလာအပ်တဲ့အကျိုးဆက်တွေဖြစ်ပေါ်လာမယ့်အရေးကို သတိထားရမယ်။” ဟု ကြာသပတေးကပြုလုပ်ခဲ့ သောပင်တာဂွန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အီရန်က မိမိတို့၏နျူကလီးယားစက်ရုံများကို ရန်ရှာလာမည့် မည်သည့်တိုက်ခိုက်မှုမျိုးမဆို အပြင်းအထန်ပြန်လည် တုံ့ပြန်သွားမည်ဟု ပြောကြားလိုက်ပြီးနောက် ပန်နက်တာက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာပြောကြားခဲ့ခြင်းဖြစ် သည်။

ပန်နက်တာသည် ဇူလိုင်လအတွင်းက ယခင်ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်၏ ရာထူးကိုဆက်ခံခဲ့ခြင်းဖြစ်ပြီး သူ့သဘောထားမှာ ရောဘတ်ဂိတ်သဘောထားနှင့် တစ်ထပ်တည်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အီရန်ကိုတိုက်ခိုက်ခြင်းဖြင့် အီရန်လုပ်ဆောင်နေမှုများကို တားဆီးနိုင်မည်မဟုတ်ဘဲ နျူကလီးယားအရေးအီရန်နှင့် ဆွေးနွေးရာတွင် နှောင့်နှေးသွားမည်ဖြစ်ကြောင်း ပန်နက်တာက ဆိုသည်။
“ဒေသတွင်း အခြေအနေတွေဆိုးဝါးသွားမယ်။ ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်တပ်တွေကိုလည်း ဆိုးဆိုး ဝါးဝါးသက်ရောက်မှုတွေ ရှိလာမယ်။ ဒါကြောင့် ဘယ်လိုပဲစဉ်းစား၊ စဉ်းစား အသေအချာစဉ်းစားဖို့လိုလိမ့်မယ်။”

တီဟီရန်အစိုးရအပေါ်သို့ အမေရိကန်အနေနှင့် ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန်ပန်နက်တာက တိုက်တွန်းခဲ့သည်။
“အီရန်အပေါ်မှာ စီးပွားရေး၊ နိုင်ငံရေးပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖိအားပေးပြီး အီရန်ရဲ့အပြုအမူတွေ ပြောင်းလဲလာအောင် လုပ်ဆောင်ရပါမယ်။”
“ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ အီရန်အပေါ်ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ဆွေးနွေးနေကြပါတယ်။” ဟု ပန်နက်တာက ပြောသည်။

အီရန်က နျူကလီးယားလက်နက်ထုပ်လုပ်တပ်ဆင်ရန် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂမှ ပြောကြားလိုက်ပြီးနောက် ဥရောပသမဂ္ဂကလည်း အီရန်အပေါ်နောက်ထပ် ပိတ်ဆို့အရေးယူမှုများဆောင်ရွက်သွားရန် သဘောတူညီနိုင်ဖွယ်ရှိ ကြောင်း ကြာသပတေးနေ့က သမဂ္ဂကိုယ်စားလှယ်များက ပြောသည်။

အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုသည် တီဟီရန်အပေါ်ဖိအားများတိုးပွားစေသည်။ အနောက်အစိုးရများက အီရန်အပေါ် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်နှင့် အညီအရေးယူရန်အခြေအနေရှိသော်လည်း ရုရှနှင့် တရုတ်တို့ကမူ ဗီတို အာဏာကိုစွဲကိုင်ကာ ဆန့်ကျင်ကြသည်။

နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီက အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်ရေးအစီအစဉ်ဆက်လက် လုပ်ဆောင်နေကြောင်း အစီရင်ခံစာတစ်စောင် အင်္ဂါနေ့ကထွက်ပေါ်လာပြီးနောက် တင်းမာမှုများဖြစ်ပေါ်လာခဲ့သည်။
အစ္စရေးလ်က လွန်ခဲ့သည့်အပတ်က ကီလိုမီတာ ၆,၄၃၇ သွားနိုင်သည့် တာဝေးပစ်ဒုံးကျည်စမ်းသပ်ပြီးနောက် အီရန် အပေါ်တိုက်ခိုက်နိုင်သည့် အလားအလာများပေါ်ပေါက်ခဲ့ခြင်းကြောင့် အခြေအနေပိုဆိုးလာခဲ့သည်။

အစ္စရေးလ်၏ သုံးနှစ်အတွင်း တာဝေးပစ်ဒုံးပျံစမ်းသပ်မှုသည် မီဒီယာများက နေတန်ယာဟူးသည် အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်နိုင်သည်ဟူသော သုံးသပ်မှုများထွက်ပေါ်လာခဲ့သည်။
အီရန်ကလည်း ပင်လယ်ကွေ့အတွင်းရှိ အစ္စရေးလ်နှင့် အမေရိကန်တို့၏ ပိုင်ဆိုင်မှုများကိုပြန်လည်တိုက်ခိုက်မည်ဟု ကြုံးဝါးသည်။
“ အစ္စရေးလ်တည်ထောင်ရေးဝါဒီ ကျုပ်တို့ရန်သူတွေဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးလ်တို့ သိထားရမှာက ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို၊ ယုတ်စွအဆုံး စစ်ရေးအရအရေးယူမယ်လို့ စဉ်းစားတာနဲ့တင် အီရန်က အသေအချာ ပြန်လည်တုံ့ပြန်တိုက်ခိုက်သွားမယ်ဆိုတာပါပဲ။” ဟု အီရန်၏ ဘာသာရေးထွဋ်ခေါင် အယာတိုလာခါမေနီအလီ ခါမေနီက နိုင်ငံပိုင်ရုပ်သံမှပြောကြားသွားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။