Saturday, November 12, 2011

တူရကီတွင် ခရီးသည်တင်သင်္ဘောကို ပြန်ပေးဆွဲ


တူရကီ ခရီးသည်တင်သင်္ဘောတစ်စင်းကို ၁၂ နာရီတစ်ဦးတည်းကြာပြန်ပေးဆွဲထားခဲ့သော သင်္ဘောပေါ်တွင် လိုက်ပါသွားသော ပြန်ပေးသမားကို တူရကီရဲတပ်ဖွဲ့များက သုတ်သင်သတ်ဖြတ်ခဲ့ပြီး ခရီးသည်များကို ကယ်တင် ခဲ့သည်။

သင်္ဘောပေါ်တွင် ခရီးသည် ၂၀ လိုက်ပါသွားပြီး ကွန်မန်ဒိုများက ပြန်ပေးသမားကိုသုတ်သင်လိုက်ခြင်းဖြစ်ကြောင်း အစ္စတန်ဘူလ် မြို့တော်ဝန် ဟူဆေယင်အဗ္ဗနီမွတ်လူက စနေနေ့က ပြောကြားခဲ့သည်။
“ဒီနေ့မနက် ၅ နာရီ ၄၅ မိနစ်ကနေ စပြီးတော့ ကွန်မန်ဒိုတွေစစ်ဆင်ရေးဆင်နွှဲခဲ့ပြီး ပြန်ပေးသမားကို အသေ ဖမ်းဆီးရမိခဲ့ပါတယ်။” ဟု သူကပြောသည်။
သင်္ဘောဝန်ထမ်းများနှင့် ခရီးသည်များအားလုံး အန္တရာယ်ကင်းရှင်းစွာလွတ်မြောက်လာကြပြီး ပြန်ပေးသမားသည် ဖေါက်ခွဲရေးပစ္စည်းများကို ယူဆောင်လာခဲ့ကြောင်း ၊ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲရှိကြောင်း ထုတ်ပြန်ခဲ့သည်။ သင်္ဘောကို အစ္စတန်ဘူလ်မြို့ပြင် ဆီလစ်ရီမြို့ကမ်းခြေတွင် ကျောက်ချထားခဲ့သည်။

နယ်မြေတွင်းရှိ ရေကြောင်းသွားလာမှုများလတ်တလောပိတ်ထားသဖြင့် အခင်းဖြစ်စဉ်အတိအကျကို မသိရသေး ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် အန်နီတာမက်နော့က အစ္စတန်ဘူလ်မှ သတင်းပေးပို့ခဲ့သည်။
“သင်္ဘောကို တစ်ယောက်တည်းနဲ့ပဲ အပိုင်စီးထားခဲ့တယ်လို့ ပထမဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။” ဟု သူမကဆိုသည်။
“ဘယ်သူလဲ၊ ဘယ်အဖွဲ့ကလဲ ဆိုတာ ဘာမှမသိရသေးပါဘူး။”

“ ပြန်ပေးသမားက အကြမ်းဖက်အုပ်စုတစ်စုကဖြစ်တယ်ဆိုတာ သေချာပါတယ်။” ဟု မြို့တော်ဝန် မွတ်လူက ပြောသည်။
ပြန်ပေးသမားသည် အသက် ၂၈ နှစ်နှင့် ၃၀ ကြားတွင်ရှိပြီး ခလုတ်တစ်ခုနှင့် ဝိုင်ယာကြိုးများ တပ်ဆင်ထားသော ကိရိယာတစ်ခုကို ကိုင်ဆောင်ထားခဲ့ကြောင်း ၊ ယင်းကိရိယာကို ဖေါက်ခွဲရေးပစ္စည်း ကျွမ်းကျင်သူများက လေ့လာ နေသေးကြောင်းဆိုသည်။

ပြန်ပေးသမားက မည်သည့်အချက်ကိုမျှမတောင်းဆိုခဲ့ကြောင်း၊ လောင်စာဆီ၊ အစားအသောက်နှင့် ရေများပို့ဆောင် ပေးရန်သာတောင်းဆိုခဲ့ကြောင်း တူရကီပို့ဆောင်ရေးဝန်ကြီး ဘီနာလီ ယီလ်ဒီရင်က ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။