Tuesday, November 15, 2011

ပင်ဆီဗေးနီးယားတက္ကသိုလ်ဘောလုံးအသင်းနည်းပြဟောင်း တရားစွဲခံရ

ဂျယ်ရီဆန်ဒက်စ်ကီတည်ထောင်ထားသော ကလေးငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့

ပင်ဆီလ်ဗေးနီးယားပြည်နယ်တက္ကသိုလ်ဘောလုံးအသင်းနည်းပြဟောင်း ဂျယ်ရီဆန်ဒတ်စ်ကီကို ကလေးသူငယ်များ အား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြင့် တရားစွဲဆိုထားသည်။ ဂျယ်ရီက ကလေးများနှင့်အတူတူ ရေချိုးခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာရည်ရွယ်ချက်မရှိကြောင်း ဖြေရှင်းထားသည်။

အမေရိကန်ပြည်ထောင်စု ရုပ်သံသတင်းဌာနတစ်ခုသို့ပြောကြားခဲ့ရာတွင် ဂျယ်ရီက ကလေးများနှင့် အတူတူဆော့ ကစားခဲ့ကြောင်း၊ သူတို့၏ခြေထောက်များကို ကိုင်တွယ်ခဲ့ကြောင်း၊ သို့သော် လိင်ပိုင်းဆိုင်ရာရည်ရွယ်ချက်မရှိ ကြောင်းပြောကြားခဲ့သည်။

ဂျယ်ရီကို ယောင်္ကျားလေး ကလေးငယ်ရှစ်ဦးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူမှုဖြင့် တရားစွဲဆိုထားပြီး ဒေါ်လာ ၁၀၀,၀၀၀ တန်အာမခံဖြင့်လွှတ်ပေးထားကြောင်း သိရသည်။
ဂျူရီလူကြီးများ၏ အစီရင်ခံစာအရ ဂျယ်ရီသည်သူ့၏အိမ်တွင်၊ ဟော်တယ်များ တွင်၊ ပန်းစတိတ် အသင်း၏ ပစ္စည်းထိန်းသိမ်းရာလော့ကာအခန်းတွင်းတွင် ယောင်္ကျားလေးကလေးငယ်များနှင့် လိင်ဆက်ဆံမှုပြုခဲ့ကြောင်း ဆိုသည်။ အဆိုပါစွပ်စွဲမှုများသည် ၁၉၉၄ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော အမှုများဖြစ်သည်။
NBC သတင်းဌာနနှင့် အင်တာဗျူးရာတွင် ဂျယ်ရီက သူ့အမှားမှာ ကလေးများနှင့်အတူ ရေချိုးခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် ဒီကလေးတွေနဲ့ အတူရေမချိုးခဲ့သင့်ဘူး။” ဟု ဆိုသည်။

ယင်းအမှုကြောင့် တက္ကသိုလ်၏ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့ပြီး နည်းပြချုပ် ပက်ထရာနိုနှင့် အခြား တက္ကသိုလ် တာဝန်ရှိသူ သုံးဦးနှုတ်ထွက်ခဲ့ရသည်။
ဂျယ်ရီ၏ ရှေ့နေများက အစိုးရတရားလိုရှေ့နေများမေးမြန်းလာမည့် မေးခွန်းများအတွက် အဖြေရှိကြောင်း ပြောသည်။

CNN သတင်းနှင့် တနင်္လာနေ့က အင်တာဗျူးခဲ့သော ဂျယ်ရီ၏ရှေ့နေ ဂျိုးအာမန်ဒိုလာက မိမိတို့ရှေ့နေအဖွဲ့နေနှင့် ဂျူရီအစီရင်ခံစာအတွင်း ပါဝင်သော ကလေးများကို ရှာဖွေရန်အခက်အခဲရှိကြောင်း ပြောကြားခဲ့သည်။
သူ့အမှုသည် ဂျယ်ရီသည်လည်း အလွန်အသက်ကြီးပြီဖြစ်သော ကလေးကြီးတစ်ဦးဖြစ်ကြောင်း အာမန်ဒိုလာက ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။