Monday, November 7, 2011

အီဂျစ်တွင် ဘတ်စ်ကားတိမ်းမှောက်၊ ကမ္ဘာလှည့်ခရီးသည်များသေဆုံး


အီဂျစ်အရှေ့တောင်ပိုင်း ပင်လယ်နီအပန်းဖြေစခန်းမြို့တွင် နိုင်ငံခြားသားခရီးသည်များတင်ဆောင်လာသော ဘတ်စ်ကားတစ်စီး အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်ခဲ့ရာ ဟန်ဂေရီနိုင်ငံသား ၁၁ ဦးသေဆုံးသွားခဲ့ပြီး အခြားဟန်ဂေရီ ၂၇ ဦးဒဏ်ရာရရှိခဲ့သည်။ မြို့တော်ကိုင်ရို၏ အရှေ့တောင်ဘက် ကီလိုမီတာ ၅၁၀ အကွာရှိ ဟာဂါဒါအ၀င်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်အစိုးရပိုင် မီနာသတင်းဌာနက ကြေငြာခဲ့သည်။

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဆေးရုံကားများဖြင့်တင်ဆောင်ကာ ဟာဂါဒါရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သတင်းဌာနကကြေငြာခဲ့သည်။ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်လေးဦးပါဝင်ကြောင်း ပုဂ္ဂလိကပိုင် အယ်လ်-မာစရီ အယ်လ်-ယူအမ်သတင်းစာက ဖေါ်ပြခဲ့သည်။


အဆိုပါဘတ်စ်ကားသည် ကမ္ဘာလှည့်ခရီးသွားများအား ၎င်းတို့တည်းခိုနေထိုင်ရာဟိုတယ်မှ လေဆိပ်သို့ပို့ဆောင်ပေး သောကားဖြစ်ကြောင်း အီဂျစ်ရဲတပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များက ပြောပြသည်။ ဘတ်စ်ကားမှာ အရှိန်များလွန်း သောကြောင့် ကားမောင်းသမားသည် အရှိန်ကိုမထိန်းနိုင်တော့ပဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

မွတ်စလင် အစ်ပွဲတော်ပထမနေ့တွင် ဖြစ်ပွားခြင်းဖြစ်ပြီး နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်များနှင့် အီဂျစ်မွတ်စလင် အများအပြားတို့ အားလပ်ရက်အဖြစ် ပင်လယ်နီအပန်းဖြေစခန်းများသို့ ခရီးထွက်ကြသော အချိန်အခါဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။