Wednesday, November 30, 2011

အီရန်ရှိ ဗြိတိန်သံရုံးကို ဆန္ဒပြသူများစီးနင်းတိုက်ခိုက်


အီရန်နိုင်ငံမြို့တော် တီဟီရန်ရှိ ဗြိတိသျှသံရုံးဝင်းအတွင်းသို့ ဆန္ဒပြသူလူငယ်များက ချိုးဖေါက်ဝင်ရောက်ကာ ကျောက်ခဲများ၊ ဓါတ်ဆီဗုံးများ၊ နှင့် ပစ်ပေါက်ကြပြီး စာရွက်စာတမ်းများကို မီးရှို့ခြင်း၊ ရုံးခန်းအတွင်းမှ ပစ္စည်းများကို လုယက်ယူငင်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

လုံခြုံရေးရဲများက ဆန္ဒပြသူများကို တားဆီးနိုင်ရန်ကြိုးစားခဲ့ကြသော်လည်း သံရုံးအပြင်ဘက်တွင်လည်း ဗြိတိသျှဆန့် ကျင်ရေးဆန္ဒပြသူလူအုပ်မှာ အလွန်များပြားသောကြောင့် ရဲများထိန်းသိမ်းမရခဲ့ပေ။ ဆန္ဒပြသူများမှာ ကျောင်းသား လူငယ်များဖြစ်ကြပြီး အမေရိကန်သေပါစေ၊ အင်္ဂလန် သေပါစေ၊ အစ္စရေးလ်သေပါစေ ဟူသော ကြွေးကြော်သံများ ကိုကြွေးကြော်ခဲ့ကြသည်။ Fars ရုပ်သံသတင်းဌာနမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီး သံရုံးအဝင်ပေါက်ဝတွင်လည်း လူအများအပြားက အစ္စလာမ်အလံများကို လွှင့်ထူကာဆန္ဒပြနေကြသည်။

ဆန္ဒပြသူများသည် ဓါတ်ဆီဗုံးများကိုလည်း သံရုံးအတွင်းပစ်သွင်းခဲ့ကြပြီး ဆန္ဒပြသူတစ်ဦးက သံရုံးဝင်းအတွင်းရှိ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မ၏ ရုပ်ပုံကားချပ်ကြီးကို လှုပ်ရမ်းနေသည်ကို တွေ့မြင်ကြရသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးက ဤလုပ်ရပ်များသည် စော်ကားသော အကြမ်းဖက်လုပ်ရပ်များဖြစ်ကြောင်းပြော ကြားခဲ့သည်။
“ဒါဟာ လုံးဝလက်ခံလို့မရတဲ့အဖြစ်အပျက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြစ်တင်ရှုံ့ချပါတယ်။”

သံရုံးဝန်ထမ်းများကမူ ဘေးလွတ်ရာသို့ နောက်ဘက်ပေါက်မှ ထွက်ပြေးခဲ့ကြရပြီး အီရန်လုံထိန်းများက အခြေအနေ ကိုထိန်းသိမ်းရန်ကြိုးပမ်းလျက်ရှိကြောင်း ရိုက်တာ သတင်းဌာနကကြေငြာခဲ့သည်။

အယ်ဂျာဇီယာသတင်းထောက် ဒေါ်ဆာဂျက်ဘာရီ မြို့တော်တီဟီရန်မှ သတင်းပေးပို့ခဲ့ရာ ရဲများနှင့် အချို့သော ဝန်ကြီးများသည် ဆန္ဒပြမည့်သတင်းကိုကြိုတင်သိရှိခဲ့ကြကြောင်း၊ ဆန္ဒပြသူများသည် ဘာဆစ်ဂ်ျလက်နက်ကိုင်အဖွဲ့၏ အဖွဲ့ခွဲကျောင်းသားအုပ်စုဖြစ်ကြောင်း ဆိုသည်။
“အီရန်နိုင်ငံမှာ ဒီလိုအနေအထားနဲ့ ဆန္ဒပြမှုမျိုးဘယ်တုန်းကမှ ခွင့်ပြုခြင်းမရှိခဲ့ဖူးပါဘူး။ ဒီလိုစုဝေးဆန္ဒပြမှုမျိုး ဟာ အစိုးရထိပ်ပိုင်းက သဘောကျတဲ့ပုံစံမျိုးနဲ့လွှတ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။” ဟု ဂျက်ဘာရီက ပြောကြားခဲ့သည်။

သံရုံးအတွင်းသို့ဝင်ရောက်စီးနင်းရန် အစဦးကပင်ကြိုတင်ပြင်ဆင်ထားခြင်း ရှိ၊ မရှိကိုမူသေချာမသိရပေ။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။