Friday, November 4, 2011

ဥက္ကလံ အထွေထွေသပိတ်ဆင်နွှဲ


ဥက္ကလံသိမ်းပိုက်ရေး လူထုဆန္ဒပြပွဲများဖြစ်ပွားပြီး အထွေထွေသပိတ်ဖြစ်ပွားနေသောကြောင့် အမေရိကန်ပြည်ထောင် စု၏ ငါးခုမြောက်အကြီးဆုံးဆိပ်ကမ်းမြို့တော်ဖြစ်သော ဥက္ကလံတွင် လုပ်ငန်းများရပ်ဆိုင်းကုန်သည်။ လွန်ခဲ့သောည က ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးများဖြင့် အင်အားသုံးဖြိုခွင်းခဲ့သည်။

ကြာသပတေးနေ့ညဥ့်လည်ခန့်ကမြို့ကြီးခြောက်မြို့မှ ရဲများသည် ဓါတ်ငွေ့ကာမျက်နှာဖုံးများတပ်ဆင်ကာ ပုခုံးချင်း ယှက်ကာ စီတန်းထားကြပြီး တရားမ၀င်လူစုလူဝေးပြုလုပ်ခြင်းမပြုကြရန် ကြေငြာကာ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းလေသည်။

အချို့သောသူများက ပြေးရင်းလွှားရင်းမှ ရဲများပစ်ခတ်လိုက်သော မျက်ရည်ယိုဗုံးခွံများကို ပြန်ကောက်ကာ ရဲများထံ သို့ပြန်လည်ပစ်ထည့်ကြလေသည်။
`မင်းတို့မလာခင်အထိ ငြိမ်းငြိမ်းချမ်းချမ်းပဲဆန္ဒပြနေကြတာကွ ။´ ဟုလည်း ပြန်လည်အော်ဟစ်ကြလေသည်။ ထို့နောက်ရဲများက ဆန္ဒပြသူများစခန်းချထားသော ပလာဇာရင်ပြင်အတွင်းသို့ဝင်ရောက်ကာ နံပတ်တုတ်များဖြင့် ရိုက်နှက်ပြီး မျက်ရည်ယိုဗုံးများထပ်မံပစ်ခွဲကာ လူအများကို ပလာဇာအတွင်းမှ မောင်းထုတ်လေသည်။
ဆန္ဒပြပွဲကို ဦးဆောင်စည်းရုံးလှုံ့ဆော်သူတစ်ဦးဖြစ်သော တင်မ်ဆိုင်မွန်က နောက်ထပ် `သိမ်းပိုက်ရေး´ လှုပ်ရှားမှု အသစ်များစတင်လာခြင်းကြောင့် ရဲများကို မျက်ရည်ယိုဗုံးများအသုံးပြုကာ အင်အားသုံးဖြိုခွင်းခြင်းဖြစ်ကြောင်း ဆိုသည်။
`ဒီနေ့ဆန္ဒပြပွဲပြီးတော့ ဆန္ဒပြမှုတွေကြောင့် ကြိုတင်ပြီးပိတ်သွားတဲ့ ဘဏ်အဆောက်အဦတစ်ခုကို ဆန္ဒပြသူ တွေ သိမ်းပိုက်ထားလိုက်ပြီးတော့ လူထုဌာနတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်။´ ဟု တင်မ်ကပြောသည်။
`အဆောက်အဦကို သိမ်းပိုက်ထားတာကလွဲပြီး အခြားအကြမ်းဖက်ရန်လိုမှုတွေဘာမှ မရှိပါဘူး။ ဒါကလည်း လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ဒေသပါဝင်တဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းပဲ လှုပ်ရှားကြတာပါ။ ရဲတွေ ရောက်မလာခင်အထိ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။´

ရဲများနှင့် ဆန္ဒပြသမားများရုတ်ရုတ်သဲသဲဖြစ်နေစဉ်တွင် လမ်းမီးများရုတ်တရက်ပိတ်သွားသည်။ ယင်းလမ်းမီးများအား တမင်တကာပိတ်ပစ်လိုက်ခြင်း၊ သို့မဟုတ် အလိုလိုပြတ်တောက်သွားခြင်းဖြစ်သည်ဟူကိုမူ အသေအချာမသိရပေ။

အဓိကရုဏ်းဖြစ်ပွားပြီးနောက် လူ ၁၀၀ ခန့်ကိုဖမ်းဆီး သွားကြောင်း လုပ်အားပေးဥပဒေပညာရှင်များအဖွဲ့က ဆိုသည်။ လူချမ်းသာများကိုသာ အကျိုးဖြစ်ထွန်းစေသည့် ဘဏ္ဍာရေးစံနစ်ကို မကျေမနပ်ဖြစ်နေကြသော ဆန္ဒပြသူ များသည် ဘဏ်များနှင့် စီးပွားရေးကော်ပိုရေးရှင်းကြီးများအားအဓိကပစ်မှတ်ထားကာ `သိမ်းပိုက်ရေး´ လှုပ်ရှားမှုကို ဖေါ်ဆောင်ကြခြင်းဖြစ်သည်။
သွင်းကုန်ပို့ကုန်လုပ်ငန်းများဖြင့် တစ်နှစ်ဝင်ငွေ ၃၉ ဘီလီယံရှိသော ဆိပ်ကမ်းမြို့တော်တွင် ဆန္ဒပြချီတက်သူ ၂၀,၀၀၀ ခန့်ရှိကြောင်း ပုဂ္ဂလိက သတင်းဌာနများကရေးသားပြီး ရဲများကမူ ၇,၀၀၀ သာရှိသည်ဟု ဆိုသည်။

ဆိပ်ကမ်းတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးဖြစ်သူ လောင်းရှိုးမန်းက သူ၏အလုပ်သမားသမဂ္ဂသည် အထွေထွေသပိတ်များတွင် ပါဝင်လှုပ်ရှားခွင့်မပြုကြောင်း ဆိုသည်။ သို့သော် လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချရမှု မရှိဟုယူဆလျှင် အလုပ်မဆင်းပဲနေနိုင်ကြောင်းဆိုသည်။

နောက်ဆုံး ဥက္ကလံဆိပ်ကမ်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိပ်ကမ်းအ၀င်အထွက်လုပ်ငန်းများရပ်ဆိုင်းသွားကြောင်း ဗုဒ္ဓဟူးနေ့ညနေက ပြောသည်။
`ဥက္ကလံဆိပ်ကမ်းက အဓိကငွေဝင်ငွေထွက်အပေါက်ဖြစ်ပါတယ်။´ ဆိုင်မွန်က အယ်လ်ဂျာဇီယာသို့ပြောသည်။
`သိမ်းပိုက်ရေး လှုပ်ရှားမှုတွေကြောင့် ၁% လူတန်းစားတွေ အသုံးပြုနေတဲ့ ငွေဝင်ငွေထွက်ပေါက်ဖြစ်တဲ့ ဆိပ်ကမ်းကို အကြီးအကျယ်ထိခိုက်စေပါတယ်။´

ဆန္ဒပြသူများသည် နောက်တွဲယာဉ်များပေါ်တွင် မတ်တပ်ရပ်ကာ ကားကိုလမ်းပေါ်တွင်ရပ်တန့်ကာဆန္ဒပြကြသည်။
`ဆိပ်ကမ်းကိုတော့ လုံခြုံစိတ်ချရတဲ့ အချိန်မှာပြန်လည်ဖွင့်လှစ်လုပ်ကိုင်သွားမှာဖြစ်ပါတယ်။´ ဟု ဆိပ်ကမ်းမှ ထုတ်သော ကြေငြာချက်တွင် ဖေါ်ပြထားသည်။ ကြာသပတေးနေ့မနက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့် ကြောင်း ဆိပ်ကမ်းပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

ဥက္ကလံရှိဘဏ်များနှင့် အဆင့်မြင့်ကုန်တိုက်ကြီးများ၏ ပြူတင်းပေါက်များကိုရိုက်ခွဲကြသည်။ မင်းမဲ့ဝါဒီများဟု သတ်မှတ်ထားခြင်းခံရသော အုပ်စုငယ်များ၏ အဖျက်အဆီးလုပ်ရပ်များကြောင့် ဖြစ်ကြောင်း ဥက္ကလံလက်ထောက် ရဲမင်းကြီး ဟောင်းဝပ်ဂျော်ဒန်က ဆိုသည်။


အိုဂါဝါပလာဇာတွင် ဆန္ဒပြသူများက အခြေစိုက်ဗဟိုနေရာတစ်ခုအဖြစ်သတ်မှတ်ထားပြီး လွန်ခဲ့သော အပတ်မှစ၍ ရဲနှင့် ဆန္ဒပြသမားများအကြား သူတင်ကိုယ်တင်သိမ်းပိုက်မှုများအကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

ဆိပ်ကမ်းသို့ချီတက်ခြင်းမပြုမီ ဆန္ဒပြသမားများသည် ၁၄ လမ်းနှင့် ဘရော့ဒ်ဝေးလမ်းများကို ပိတ်ဆို့လိုက်ကာ ရဲများနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းများကြောင်း အီရတ်စစ်ပြန်တစ်ဦးဖြစ်သူ စကော့အိုလ်ဆင်း အောက်တိုဘာ ၂၅ ရက်နေ့က ဒဏ်ရာရရှိခဲ့သည်။

အိုလ်ဆင်းသည် စစ်ပြန်တစ်ဦးအဖြစ်မှ ငြိမ်းချမ်းရေးလှုပ်ရှားသူတစ်ဦးဖြစ်သွားပြီး လွန်ခဲ့သောအပတ်က ဦးခေါင်းတွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လျှော့ရိုက်ကုသမှုခံယူရမည်ဖြစ်သည်။
အိုလ်ဆင်းကို ဥက္ကလံဆေးရုံတွင် တင်ထားရဆဲဖြစ်ပြီး စိုးရိမ်ရသောအခြေအနေတွင်မရှိတော့ကြောင်း ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။