Saturday, November 5, 2011

ပိတ်မိသတ္တုတွင်း လုပ်သား ၄၅ ဦးကို တရုတ်ကယ်တင်နိုင်ခဲ့


တရုတ်နိုင်ငံအလယ်ပိုင်းရှိ ကျီအန်ကျူ သတ္တုတွင်းပေါက်ကွဲမှုဖြစ်ပွားပြီး သတ္တုတွင်းလုပ်သား ၄၅ ယောက် ၃၆ နာရီ ပိတ်မိနေပြီးနောက် ကယ်တင်နိုင်ခဲ့သည်။
ဟန်နန်ပြည်နယ်ရှိ ဆမန်ဇီယာမြို့မိုင်းတွင်း မှပိတ်မိလုပ်သားများအား ကယ်ထုတ်လာပြီးနောက် ဆေးရုံကားများပေါ် သို့တင်နေသည်ကို နိုင်ငံပိုင်ရုပ်မြင်သံကြား CCTV မှ စနေနေ့က ထုတ်လွှင့်ပြသခဲ့သည်။
သောကြာနေ့က လုပ်သား ၇ ယောက်ကိုကယ်တင်နိုင်ခဲ့ပြီး ပေါက်ကွဲမှုအတွင်း ၈ ယောက်သေဆုံးခဲ့ကြောင်း ကြေငြာခဲ့သည်။
ပိတ်မိသတ္တုတွင်း လုပ်သားများ အလုပ်လုပ်သော သတ္တုတွင်းလှိုင်ခေါင်းမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တ၀က်ကျော်ကျော်ခန့် ၄၈၀ မီတာတွင် ပိတ်ဆို့သွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ပြောကြားခဲ့သည်။
ပိတ်မိလုပ်သားများထံသို့ရောက်ရှိရန် ကယ်ဆယ်ရေးလုပ်သား ၂၀၀ ခန့်ဖြင့် မီတာ ၅၀၀ ခန့်တူးခဲ့ရကြောင်း People's Daily သတင်းစာက ဆိုသည်။
ကျီအန်ကျူ သတ္တုတွင်းသည် ဟန်နန်ပြည်နယ်တွင် ရှိပြီး ယီမာကျောက်မီးသွေးအုပ်စုခေါ် နိုင်ငံပိုင်သတ္တုတွင်းကြီး တစ်ခုဖြစ်ကြောင်း နိုင်ငတော် လုပ်ငန်းခွင်ဘေးကင်းရေးဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖေါ်ပြထားသည်။
ယင်းဌာန၏ ဥက္ကဋ္ဌဖြစ်သူ လျူလင်းက လုပ်ငန်းခွင်ဘေးကင်းရေးမြှင့်တင်ရေးလုပ်ဆောင်ရမည့် အလုပ်ခွင်များရှိသေး ကြောင်းဆိုသည်။
`လုပ်ငန်းခွင်ဘေးကင်းရေးအတွက် တပ်ဆင်ထားတဲ့ အရေးပေါ်ခေါင်းလောင်းတွေ အမြဲတမ်းကောင်းနေပြီး အချိန်မရွေးမြည်နိုင်အောင်ထားရှိရပါမယ်။ ကျောက်မီးသွေးဝယ်လိုအားတွေတက်လာတဲ့ အချိန်မှာ ကျောက်မီးသွေး တူးဖေါ်ရေးလုပ်နေတဲ့ လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးကိုလည်း အာရုံစိုက်သင့်ပါတယ်။´ ဟု လင်းက ပြောသည်။
`လုပ်ငန်းခွင်တွင်းသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်မှုမှန်သမျှခွင့်ပြုဖို့မသင့်ပါဘူး။´

အသေးစားတွင်းများနှင့် တရားမ၀င်လုပ်ကိုင်နေသောတွင်းများကို ပိတ်ပစ်လိုက်ပြီး လုပ်ငန်းခွင်ဘေးကင်းရေးအတွက် တိုးတက်လုပ်ဆောင်မှုများရှိခဲ့သော်လည်း တရုတ်နိုင်ငံ၏ သတ္တုတွင်းလုပ်ငန်းများမှာ ကမ္ဘာပေါ်တွင် အန္တရာယ် အများဆုံး သတ္တုတွင်းများအဖြစ်ရပ်တည်နေဆဲပင်ဖြစ်သည်။
၂၀၀၂ ခုနှစ်အတွင်းက သေဆုံးမှု ၇,၀၀၀ ရှိခဲ့ပြီး နှစ်စဉ်သေဆုံးမှုသည် ယခုအခါ ယင်းပမာဏ၏ သုံးပုံတစ်ပုံနီးပါး ရှိသည်။
လွန်ခဲ့သောတနင်္ဂနွေနေ့က တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ရာတွင် လုပ်သား ၂၉ ဦးသေဆုံးခဲ့ပြီး လွန်ခဲ့သောလများမှစ၍ အဆိုးဝါးဆုံးမတော်တဆမှုတစ်ခုဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။