Wednesday, November 30, 2011

ပါကစ္စတန်ကို နေတိုးလေကြောင်းမှ ပစ်ခတ်


ပါကစ္စတန်စစ်သား ၂၄ ဦးသေဆုံးခဲ့ရသော နေတိုး၏လေကြောင်းမှ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကို ပါကစ္စတန် စစ်တပ်က ရန်လိုကျူးကျော်မှုဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဗုဒ္ဓဟူးနေ့ထုတ် ပါကစ္စတန်သတင်းစာတွင် စစ်ဘက်ဆိုင်ရာအထွေထွေညွှန်မှူး အစ်ရှ်ဖက်နာဒင်းက ပါကစ္စတန် စစ်တပ်များအား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နေတိုးတပ်များကို သတိပေးပြောကြားခဲ့သော် လည်း နေတိုးက ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အယ်ဂျာဇီယာသတင်းထောက် အင်မ်တီယက်ဇ်တိုင်ယက် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ္မာဘတ်မှ နေ၍သတင်း ပေးပို့ခဲ့ရာတွင် စနေနေ့မနက်အစောပိုင်းက နေတိုးတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နာဒင်းကအသေးစိတ်ရှင်းလင်းခဲ့ ကြောင်း သတင်းပေးပို့ခဲ့သည်။
“မဟာမိတ်တပ်တွေက ပါကစ္စတန်စခန်းနှစ်ခုကို ၁၅ မိနစ်ကြာတိုက်ခိုက်ခဲ့တယ်လို့ နာဒင်းကပြောပါတယ်။ ဒါနဲ့ သူတို့က နယ်စပ်တစ်ဖက်မှာရှိတဲ့ နေတိုးတပ်ရဲ့ အကြီးအကဲကိုလှမ်းခေါ်ပြီး အပစ်ခံနေရတာသူတို့စခန်းတွေ ဖြစ်တဲ့အကြောင်း အကြောင်းကြားခဲ့ပါတယ်။”
“ နောက်ထပ်တိုက်ခိုက်ခံရတာကတော့ ထူးဆန်းပါတယ်။ အဲဒီလိုလှမ်းပြောလိုက်တော့ နေတိုးက တိုက်ခိုက် တာရပ်သွားတယ်။ နောက်ထပ် ၁၅ မိနစ်လောက်အကြာမှာတော့ တစ်ခါထပ်ပြီး ပါကစ္စတန်စစ်ဆေးရေးဂိတ်တွေကို အဲဒီ ရဟတ်ယာဉ်တွေနဲ့ပဲ ထပ်ပြီးပစ်ပါတယ်။”
“ပါကစ္စတန်ဘက်ကလည်း မော်တာတွေ၊ လေယာဉ်ပစ်အမြှောက်တွေနဲ့ ပြန်ပစ်ပါတယ်။ ဒါပေမယ့် ရဟတ်ယာဉ်တွေက ပြန်လှည့်မသွားပါဘူး။”

နောက်တစ်ပတ်အတွင်း ဂျာမဏီတွင်ကျင်းပမည့်အာဖဂန်အနာဂတ်အရေး ဆွေးနွေးပွဲတက်မတက်ရောက်ဘဲ သပိတ်မှောက်မည်ဟု ပါကစ္စတန်ဗိုလ်ချုပ်ကြီးက ကြေငြာချက်ထုတ်ပြန်လိုက်သည်။
၂၀၁၄ တွင် အာဖဂန်မှ နေတိုးတပ်များထွက်ခွါသွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆက်လက်ထိန်းသိမ်းနိုင်ရေးအတွက် အာဖဂန်အရေးတွင် ပါဝင်ပတ်သက်သူများအားလုံး ဂျာမဏီတွင် ဘွန်းညီလာခံတက်ရောက်ဆွေးနွေးကြမည်ဖြစ် သည်။
“သပိတ်မှောက်တဲ့ အနေနဲ့ ပါကစ္စတန်က ဘွန်းညီလာခံကို မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။” ဟု ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီဦးဆောင်၍ လာဟိုးတွင်ကျင်းပသော ဝန်ကြီးများအစည်းအဝေးပွဲပြီး နောက် အစိုးရတာဝန်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောကြားခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပါကစ္စတန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မကောင်း ကြောင်းနှင့် ဆုံးဖြတ်ချက်အပေါ်ပြန်လည်စဉ်းစားရန် တိုက်တွန်းလိုက်သည်။

တောင်ကိုရီးယားတွင်ရောက်ရှိစဉ်အတွင်း နေတိုးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သားများသေဆုံးရခြင်း မှာ စိတ်ထိခိုက်ဖွယ်ဖြစ်ရပ်ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အလျင်အမြန်စုံစမ်းစစ်ဆေးသွားမည်ဟု လည်း ပြောကြားသွားခဲ့သည်။
“ပါကစ္စတန်က ဘွန်းမှာကျင်းပမယ့် ညီလာခံကို မတက်တော့ဘူးဆိုတာ အင်မတန်စိတ်မကောင်းစရာပါ။ ဘာကြောင့်လဲဆိုတော့ ဒီညီလာခံကိုကျင်းပဖို့ စီစဉ်နေတာ အတော်ကြာပါပြီ။” ဟု ပြော၏။
“ အမေရိကန်က အာဖဂန်နစ္စတန်မှာ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဒီမိုကရေစီထွန်းကားရေး စတာတွေလုပ်ဆောင်နေတာကို ပါကစ္စတန်အနေနဲ့ ကြိုက်ပါတယ်။” ဟု ကလင်တန်က ပြောကြားခဲ့သည်။

နေတိုးတိုက်ခိုက်မှုကြောင့် သေဆုံးသူများအပြင် ဒဏ်ရာရသူ ၁၃ ဦးရှိကြောင်း ပါကစ္စတန်က ပြောသည်။ နေတိုးတိုက်ခိုက်မှုပြီးနောက် အခြေအနေများကို ပါကစ္စတန်ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပြီး You Tube တွင်လည်း ထုတ်လွှင့်ထားလေသည်။ ဗွီဒီယိုပါရုပ်ပုံများအရ ဒဏ်ရာရသူစစ်သားများနှင့် သေဆုံးသူများကိုတွေ့ရသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် အာဖဂန်နစ္စတန်သို့ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ရာတွင် အသုံးပြုသောလမ်းကြောင်း ကို ပါကစ္စတန်က ပိတ်လိုက်ပြီး နိုင်ငံအနောက်တောင်ပိုင်းရှိ အမေရိကန်လေတပ်စခန်းမှ အမေရိကန်စစ်သားများ ထွက်ခွါကြရန် အမိန့်ပေးလိုက်သည်။
ယင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်လူထုကြားတွင်လည်း အမျက်ဒေါသပိုမိုကြီးထွားလာနေကြောင်း အယ်ဂျာဇီယာ သတင်းထောက် တိုင်ယက် သတင်းပေးပို့ခဲ့သည်။
“ နိုင်ငံအနှံ့အပြားမှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ တွေ့နေရပါတယ်။”
“ပါကစ္စတန်တွေက သူတို့နိုင်ငံတွင်းမှာ အမေရိကန်တွေကို နောက်ထပ်မထားချင်တော့ပါဘူး။ ပါကစ္စတန်ကို လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲလို့ သူတို့ခေါ်တဲ့ စစ်ပွဲအတွင်းကနေ နှုတ်ထွက်ပြီး အမေရိကန်နဲ့ မဟာမိတ်ဖွဲ့ထားတာကို ဖြတ်တောက်လိုက်စေချင်နေကြပါတယ်။”

နေတိုးမှ တိုက်ခိုက်ခဲ့သော စစ်ဆေးရေးဂိတ်သည် နယ်စပ်တိုင်းရင်းသားဒေသ မိုမန်တွင်ရှိပြီး အာဖဂန်အတွင်းရှိ တာလီဘန်တိုက်ခိုက်ရေးသမားများ နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်မှုများမပြုလုပ်နိုင်အောင် မကြာသေးမီကမှ ထားရှိသော ဂိတ်တစ်ဂိတ်ဖြစ်ကြောင်း မိုမန်ရှိအုပ်ချုပ်ရေးအရာရှိနှစ်ဦးကပြောသည်။
နေတိုးကမူ ယင်းတိုက်ခိုက်မှုသည် မတော်တဆဖြစ်ပွားသော စိတ်မကောင်းဖွယ်ဖြစ်ရပ်တစ်ခုသာဖြစ်ကြောင်း ပြော၏။ နေတိုးမှ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့နှင့် အမေရိကန်မှ သီးခြားစုံစမ်းရေးအဖွဲ့တစ်ဖွဲ့တို့ဖွဲ့ကာ ဖြစ်ရပ်အပေါ်စုံစမ်းသွား မည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ဆိုသည်။

အမေရိကန်စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပဏာမရှာဖွေမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ဘက်တာဝန်ရှိသူများက ပြော၏။

အစောပိုင်းက ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက သူမအနေနှင့် အလွန်အမင်းဒေါသထွက်ကြောင်းနှင့် နေတိုးတွင် အပြစ်ရှိကြောင်း အမေရိကန်ကို ပြောကြားခဲ့သည်။ ကလင်တန်နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနီရာဘာနီခါးတို့ တယ်လီဖုန်းဖြင့် စကားပြောကြားရာတွင် ဟီနီက ယင်းဖြစ်ရပ်သည် လုံးဝလက်မခံနိုင်ဖွယ်မရှိ သော ဖြစ်ရပ်ဖြစ်ကြောင်း ဆိုခဲ့သည်။
“ နိုင်ငံတကာဥပဒေတွေနဲ့ လူ့အသက်တွေကို လုံးဝအရေးအစိုက်၊ တန်ဖိုးမထားတာပဲ။ ပြီးတော့ ပါကစ္စတန် ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးတာပဲ။” ဟု ဟာနီကပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။