Monday, November 21, 2011

အာဖဂန်တွင် အမေရိကန်ဆက်ရှိနေရေး သဘောတူညီမှုကို မကျေနပ်ကြ


၂၀၁၄ တွင် အာဖဂန်အာဏာပိုင်များသို့ လုံခြုံရေးကိစ္စရပ်များလွှဲပြောင်းပေးပြီးနောက် အမေရိကန်စစ်တပ်များကို တိုင်းပြည်တွင်းမည်သည့်သဘောတူညီချက်ဖြင့်မဆို ဆက်လက်ထားရှိမှုကိုဆန့်ကျင်ကန့်ကွက်သောအားဖြင့် အာဖဂန် ကျောင်းသားများ အရှေ့ဘက်မြို့တော် ဂျလာလာဘတ်ရှိအဝေးကြီးလမ်းမကြီးကိုပိတ်ဆို့ကာ ဆန္ဒပြလျက် ရှိသည်။
တနင်္ဂနွေနေ့ ဆန္ဒပြပွဲအတွင်း ကျောင်းသား ၁,၀၀၀ ကျော်ဆန္ဒပြခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင် ၂,၀၀၀ ကျော်ခန့်က သဘောတူညီချက်တစ်ခု (လိုယာဂျာဂါ သဘောတူညီချက်)ကို ချမှတ်ပြီးနောက် ဆန္ဒပြပွဲစတင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာတပ်များမှ ညဘက်ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများအပါအဝင် အခြားသော အချက်များအပေါ်ဆွေးနွေးမှု
များပါဝင်သော အစည်းအဝေးကို အာဖဂန်သမ္မတဟာမစ်ခါဇိုင်း၏ ထောက်ခံမှုဖြင့်ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲ တွင်း အချုပ်သားများကိုလည်း အာဖဂန်တို့အပြည့်အဝထိန်းချုပ်ခွင့်ရနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး စနေနေ့တွင် အစည်းအဝေးပြီးဆုံးခဲ့သည်။

မြို့တော် ကဘူးလ်အသို့အသွား ဂျာလာလာဘတ်ရှိလမ်းမကြီးကို ပိတ်ဆို့ဆန္ဒပြနေကြသော ကျောင်းသားများက
“အမေရိကန်တွေ သေပါစေ၊ ခါဇိုင်း သေပါစေ။” ဟု အော်ဟစ်လျက်ရှိသည်။
အာဖဂန်တွင် ၂၀၀၁ ခုနှစ်ကတည်းက ရောက်ရှိကာ တာလီဘန်၊ အယ်လ်ကေဒါတို့ကို တိုက်ခိုက်နေသော နေတိုး နှင့် အမေရိကန်စစ်တပ်များဆက်လက်ထားရှိရေးကို လုံးဝလက်မခံနိုင်ကြောင်း ကျောင်းသားများကဆိုသည်။

အာဖဂန်တွင် အားကောင်းနေဆဲတာလီဘန် ခုခံရေးများကြောင့် နိုင်ငံတကာနှင့် ဆက်လက်ဆက်နွယ်နေရန်လိုအပ် လျက်ရှိပြီး တစ်ဖက်တွင်လည်း အချုပ်အခြာအပြည့်အဝပိုင်ဆိုင်ရေးအတွက် လိုလားလျက်ရှိခြင်းကြောင့် အာဏာပိုင် များနှင့် ဆန္ဒပြသူများကြား တင်းမာမှုများဖြစ်ပွားလျက်ရှိသည်။

နောက်ဆုံးရရှိသည့် လုံခြုံရေးဆိုင်ရာသဘောတူညီချက်မှာ ၂၀၁၄ အကုန်တွင် နိုင်ငံတကာတပ်များထွက်ခွါသွားမည် ဖြစ်သော်လည်း အမေရိကန်တပ်များဆက်လက်ထားရှိရန်ဖြစ်သည်။ အာဖဂန်နှင့် အမေရိကန်တို့က အမေရိကန်စစ် သားအင်အား ထောင်ပေါင်းများစွာဆက်လက်ထားရှိရန် သဘောတူညီကြပြီး အမေရိကန်စစ်တပ်က အာဖဂန်စစ်တပ် ကို အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လေ့ကျင့်မှုများပြုလုပ်ပေးရန် သဘောတူညီခဲ့ကြသည်။

အဆိုပါသဘောတူညီချက်ဖြင့် အာဖဂန်တွင် အမေရိကန်တပ်များ တရားဝင်ဆက်လက်ထားရှိခွင့်ရရှိမည်ဖြစ်ပြီး အခြေစိုက်စခန်းကိုလည်း အမေရိကန်စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင်ထားရှိနိုင်မည်ဖြစ်သည်။

ဂျာဂါသဘောတူညီချက်တွင် ဥပဒေအရအများအပြားအကျုံးဝင်ခြင်းမရှိသော်လည်း ဝါရှင်တန်၏ “နည်းဗျူဟာ မိတ်ဖက်စာတမ်း” ကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် ခါဇိုင်းနှင့် အမေရိကန်တို့စေ့စပ်ဆွေးနွေးနေမှုများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖေါ်နိုင်ရန် အထောက်အကူပြုခဲ့လေသည်။

တာလီဘန်တို့က ဒေသခံတိုင်းရင်းသားခေါင်းဆောင်များသည် အာဖဂန်အစိုးရ နှင့် ကျူးကျော်သူအမေရိကန်၊ နေတိုး တို့၏ ရုပ်သေးများသာဖြစ်သည်ဟု တာလီဘန်တို့က စွပ်စွဲပြောဆိုခဲ့သည်။
“ဒီသဘောတူညီချက်ကို ထုတ်ပြန်ပြီးတော့ ကျူးကျော်သူတွေအတွက် အစေခံသဖွယ်အလုပ်လုပ်ပေး နေကြတယ်။” ဟု တာလီဘန်ပြောခွင့်ရ ဇာဘူလာမူဂျာဟစ် ကပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာတပ်များလုံးဝ ထွက်ခွါရေးမူကိုသာ သူတို့လက်ခံကြောင်းလည်း ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။