Tuesday, November 29, 2011

အစ္စရေးလ်မြောက်ပိုင်းသို့ လက်ဘနွန်မှ ဒုံးကျည်များဖြင့် ပစ်ခတ်


လက်ဘနွန်မှ ကက်ယူရှာ ဒုံးကျည်များဖြင့် အစ္စရေးမြောက်ပိုင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးလ်စစ်ဘက် မှပြောကြားခဲ့သည်။
တိုက်ခိုက်မှုကြောင့် သေကြေပျက်စီးမှုများရှိကြောင်းကိုမူ လတ်တလောမသိရသေးပေ။ ၂၀၀၆ ခုနှစ်အတွင်းက အစ္စရေးလ်-လက်ဘနွန်စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း မကြာခဏနယ်စပ်ကျော်ဖြတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လပေါင်း အတန်ကြာတွင် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။

လက်ဘနွန်မှ ပစ်ခတ်လိုက်သော ဒုံးကျည်များ ဂါလိလဲဒေသတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး အစ္စရေးလ်စစ်တပ်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။
“ဒီတိုက်ခိုက်မှုဟာ အင်မတန်ပြင်းထန်တဲ့ တိုက်ခိုက်မှုဖြစ်ပြီး လက်ဘနွန်စစ်တပ်မှာ တာဝန်ရှိပြီးတော့ လက်ဘနွန်အစိုးရအနေနဲ့ ဒီလိုတိုက်ခိုက်မှုမျိုးကို ရှောင်ရှားသင့်တယ်လို့ အစ္စရေးစစ်တပ်က ယူဆပါတယ်။” ဟု စစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖေါ်ပြထားသည်။

အစ္စရေးလ်ရေဒီယိုမှ ပြောကြားချက်အရ ဒုံးကျည် ၆ စင်း ကျရောက်ခဲ့ကြောင်းသိရသည်။ တစ်ခုမှာ အသေးစားထိ ခိုက်ပျက်စီးမှုများဖြစ်ခဲ့ကြောင်း၊ နောက်တစ်ခုမှာ လူနေထူထပ်သော နေရာသို့ကျရောက်ခဲ့သော်လည်း ပေါက်ကွဲခြင်း မရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအပေါ်ဒေသတွင်း စစ်ဘက်ဆိုင်ရာများမှလေ့လာသုံးသပ်နေပြီး မြောက်ပိုင်းတွင်နေထိုင်သူများအား လေကြောင်းရန်လုံခြုံရေးပုန်းခိုရာနေရာများသို့ သွားရောက်ပုန်းခိုနေကြရန် တိုက်တွန်းနှိုးဆော်ခြင်းမရှိသေးပေ။

SOURCE: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။