Saturday, December 10, 2011

ရုရှတွင် ဆန္ဒပြမှုများဆက်လက်ဖြစ်ပွား


ရုရှလက်ရှိအာဏာရပါတီက မဲမသမာမှုများဖြင့် အနိုင်ရရှိခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမျက်ဒေါသထွက်နေသော လူထုက ဗလာဒီမာပူတင်၏ ၁၂ နှစ်တာအုပ်ချုပ်မှုကို အဆုံးသတ်ပေးရန် တောင်းဆိုဆန္ဒပြမှုများရုရှတွင်ဖြစ်ပွားလျက် ရှိသည်။
စနေနေ့က လူနှစ်သောင်းကျော်ခန့် ကရင်မလင်၏ခွင့်ပြုချက်ဖြင့် ကရင်မလင်မှ မြစ်တစ်ဖက်ကမ်း ရင်ပြင်တွင် ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သောရက်အနည်းငယ်က ဒီဇင်ဘာ ၄ ရက်ဆန္ဒမဲကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး အာဏာပိုင်များက ဆန္ဒပြသူ ၁,၆၀၀ ခန့်ကို ဖမ်းဆီးထားသည်။ အတိုက်အခံများကလည်း ဆန္ဒပြသူများကို စည်းရုံးပြီး အခြားမြို့ကြီး ၁၄ မြို့တွင် ဆန္ဒပြပွဲများပြုလုပ်ပြီး ၂၀၀၀ ခုနှစ် ပူတင်သမ္မတဖြစ်လာကတည်းက သူသွတ်သွင်းလာခဲ့သော စံနစ်ကို အယုံအကြည်မရှိ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
နိုင်ငံအခြားနေရာများတွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဗလာဒီဗော့စတော့ခ်တွင် လူပေါင်းရာပေါင်းများစွာချီတက် ခဲ့ကြသည်။
နှစ်ပေါင်း ၂၀ အတွင်း လူသုံးသောင်းဟူသောပမာဏမှာ အကြီးမားဆုံးလူထုဆန္ဒပြပွဲဖြစ်ပြီး ပူတင်နှင့် သူ၏အတွင်း စည်းမှ စစ်ဘက်ခေါင်းဆောင်များအတွက် သတိပေးခေါင်းလောင်းထိုးသကဲ့သို့ဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။
“ ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ တပ်တွေနဲ့ ရေအမြှောက်တွေကို မော်စကိုမှာ အဆင်သင့်ချထားပြီး ပါပြီ။” ဟု မော်စကိုရောက် အယ်ဂျာဇီယာသတင်းထောက် နီအေ့ဗ်ဘာကာက သတင်းပို့သည်။
“ဆန္ဒပြမှုတွေ ကျယ်ပြန့်ပြီးကြီးမားလာရင်တော့ ဖြိုခွင်းခံရတော့မယ်လို့ ကျွန်တော်တော့ ထင်တယ်ဗျ။” ဟု သူက ဆိုသည်။

အာဏာပိုင်များမှ ခွင့်ပြုချက်ဖြင့် လမ်းပေါ်ထွက်ဆန္ဒပြမှုမှသည် နိုင်ငံအဝှမ်းပျံ့နှံ့သွားသောအဖြစ်သည် ပူတင် လက်ထက်တွင် ယခုအခါ ပထမဦးဆုံးဖြစ်ပြီး ကရင်မလင်အစိုးရအနေနှင့် လမ်းများပေါ်တွင် ဆန္ဒပြသူများနှင့် ရဲများ ရုဏ်းရင်းဆန်ခတ်ရိုက်နှက် ဖြစ်ပွားမည်ကို လိုလားမည်မထင်ကြောင်း ထင်ကြေးပေးကြသည်။
“လူတွေကို ဆန္ဒပြခွင့်တော့ပေးထားတယ်။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲကြီးလုပ်ဖို့ကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။” ဟု ရုရှနိုင်ငံရေးသုံးသပ်သူ အီဗန်ဆန်ဖရန်ချပ်ခ် ကဆိုသည်။
ပူတင်၏ ယူနိုက်တက်ရုရှပါတီသည် အကျင့်ပျက်ခြစားမှုများဖြင့် စွပ်စွဲခံနေရပြီး အတိုက်အခံပါတီများနှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက မဲမသာမာမှုများပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲကြသည်။
ရုရှဒူးမားလွှတ်တော် တွင် ပူတင်၏ ယူနိုက်တက်ရုရှပါတီက ၎င်း၏အမတ်နေရာ ၃၁၅ တွင် ၇၇ နေရာဆုံးရှုံးခဲ့ သည်။

ပူတင်သည် ၎င်း၏ပါတီအနိုင်ရရှိရန် အကြီးအကျယ်လိမ်လည်ခဲ့ကြောင်း မိုဘိုင်းလ်ဖုန်းများ၊ အင်တာနက်လူမှုရေး လူမှုကွန်ယက်များတွင် ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလျက်ရှိကြောင်း ဆိုသည်။

ပူတင်က မဲရလဒ်ကိုလက်ခံခဲ့ပြီး ဆန္ဒပြမှုများအပေါ်သုံးရက်ကြာသည့်တိုင် တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့ပေ။ ထို့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဝန်ကြီးဟီလာရီကလင်တန်က ရုရှတွင်ဆူပူအုံကြွမှုများပေါ်ပေါက်လာစေရန်ရည်ရွယ် ၍ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးခွန်းထုတ်လှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

ကလင်တန်က နိုင်ငံတွင်းရှိ အချို့သောလူများကို ဆန္ဒပြကြရန် အချက်ပေးလိုက်သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာ့ခ်တုန်နာက အဓိပ္ပါယ်မရှိသောစွပ်စွဲချက်ဖြစ်ကြောင်းတုံ့ပြန်ပြော ဆိုလိုက်သည်။

ပူတင်သည် ရုရှတွင် ၂၀၀၈ ခုနှစ်အထိ သမ္မတအဖြစ်လူကြိုက်များခဲ့ပြီး လက်ရှိအချိန်တွင် ဝန်ကြီးချုပ်ဖြစ်ဆဲပင်။ နိုင်ငံရေးတွင်သြဇာကြီးပြီး အနောက်အင်အားစုများကို ဝေဖန်ပြောဆိုလေ့ရှိကာ အတိတ်က ဆိုဗီယက်ပြည်ထောင်စု အပေါ် အကောင်းရှုမြင်သူဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။