Monday, December 5, 2011

ဝီကီလိခ် တည်ထောင်သူ အယူခံဝင်မည်


ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်းအား ဆွီဒင်သို့လွှဲပြောင်းပေးရန် ဗြိတိန်တရားရုံးက အမိန့်ချမှတ်လိုက် သော်လည်း ဗဟိုတရားရုံးတွင် အယူခံဝင်နိုင်မည်ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာစွဲချက်တစ်ခုဖြင့် သူ့ကိုဆွီဒင်က အလိုရှိ နေခြင်းဖြစ်သည်။

သြဂုတ်လ ၂၀၁၀ အတွင်း ဆွီဒင်နိုင်ငံသို့ရောက်ရှိနေစဉ် ဝီကီလိခ်တွင် စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူ အမျိုး သမီးနှစ်ဦးကို ဗလက္ကာယပြုမှုဖြင့် ဆွီဒင်က အက်ဆန်းကိုအလိုရှိနေသည်။ လွန်ခဲ့သောနှစ်က အက်ဆန်းကို ဗြိတိန် နိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် အက်ဆန်းက စွဲဆိုထားသောပြစ်မှုကို မကျူးလွန် ကြောင်း ငြင်းဆိုထားသည်။

လွန်ခဲ့သောနှစ်က အက်ဆန်းကို ဖမ်းဆီးခဲ့ပြီး ဝန်းစ်ဝါ့သ်အကျဉ်းထောင်တွင် ၉ ရက်တာထိန်းသိမ်းခြင်းခံခဲ့ရသည်။ ထို့နောက် ခရစ်စမတ်မတိုင်ခင်အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီး အင်္ဂလန်အရှေ့ပိုင်းရှိ ချမ်းသာသောမိတ်ဆွေ တစ်ဦးထံတွင်နေထိုင်လျက်ရှိသည်။

အမေရိကန်ထိပ်တန်းသံတမန်လျှို့ဝှက်ချက်များနှင့် ကမ္ဘာ့ခေါင်းဆောင်များအကြားလျှို့ဝှက်ချက်များကို ဖေါက်ချပြီး နောက် များမကြာမီသူ့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည။်

သူ့ကိုဖမ်းဆီးခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ဖမ်းဆီးခြင်းဖြစ်ကြောင်း အက်ဆန်းက စွပ်စွဲပြောကြားခဲ့သည်။ သူ့ကို ဆွီဒင်သို့လွှဲပြောင်းပေးရန် အင်္ဂလန်အထက်ရုံးနှစ်ရုံးက နိုဝင်ဘာလ ၂ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
ဗဟိုတရားရုံးသို့ အယူခံဝင်မည့်အချက်များမှာ သူ့ကိုဖမ်းဆီးခြင်းမှာ တရားဝင်ဟုတ်မဟုတ်နှင့် သူ့ကို ဆွီဒင်နိုင်ငံသို့ လွှဲပြောင်းပေးမည့်ကိစ္စမှာ မည်သည့်စွဲချက်နှင့်မျှ တရားစီရင်ထားခြင်းခံရခြင်းမရှိသေးသည့်အတွက် လွှဲပြောင်း၍ တရားမျှတမှုရှိ၊ မရှိ ဆိုသည့် ကိစ္စများပေါ်တွင် အခြေပြုကာ အယူခံဝင်မည်ဖြစ်သည်။

အကယ်၍ ဗဟိုတရားရုံးတွင် အယူခံရှုံးနိမ့်ခဲ့ပါက အက်ဆန်းသည် ဥရောပ စထရာဘော့ရှိ လူ့အခွင့်အရေးတရားရုံး တွင် ရင်ဆိုင်ရမည်ဖြစ်သည်။

၂၀၁၀ အတွင်းက အက်ဆန်းတည်ထောင်သောဝီကီလိခ်မှ အီရတ်စစ်ပွဲ လျှို့ဝှက်စာရွက်စာတမ်း ၃၉၁,၈၃၂ စောင် နှင့် အာဖဂန်ဆိုင်ရာ အမေရိကန်လျှို့ဝှက်စာရွက်စာတမ်းပေါင်း ၇၇,၀၀၀ စောင် ကိုဖွင့်ချဖေါ်ထုတ်ခဲ့သည်။

ထို့ပြင် ကမ္ဘာအနှံ့အမေရိကန်သံတမန်ဆက်သွယ်မှုထားရှိသည့် နေရာ ၂၇၀ မျ စာရွက်စာတမ်းပေါင်း ၂၅၀,၀၀၀ ခန့် ကိုဖွင့်ချခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။