Sunday, December 11, 2011

ပါကစ္စတန်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း စတင်ရွှေ့ပြောင်း


လွန်ခဲ့သောလက အမေရိကန်လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သား ၂၄ ဦးသေဆုံးခဲ့ရမှုကြောင့် အစ္စလာမ္မာဘတ်အစိုးရက နိုင်ငံတွင်းမှ ထွက်ခွါရန် ရာဇသံပေးပြီး ၁၅ ရက်အကြာတွင် ဘလိုချင်စတန်ပြည်နယ်ရှိ ရှမ်ဆီ အမေရိကန်လေတပ်အခြေစိုက်စခန်းကို စတင်ပြောင်းရွှေ့နေပြီဖြစ်သည်။

ရှမ်ဆီအခြေစိုက်စခန်းသည် ပါကစ္စတန်အနောက်မြောက်ပိုင်းနှင့် အနီးအာဖဂန်နစ္စတန်တို့တွင် အမေရိကန် မောင်းသူမဲ့ဒရုန်း လေယာဉ်များ ထိန်းချုပ်လှုပ်ရှားရာနေရာတစ်ခုဖြစ်မည်ဟု ယူဆကြသည်။
ပါကစ္စတန်အကြီးတန်းစစ်ဘက်အရာရှိတစ်ဦးက မည်သည့်အမေရိကန်ဒရုန်းမဆို မိမိတို့နယ်မြေပေါ်တွင် ပျံသန်းပါက ပစ်ချမည်သာဖြစ်ကြောင်း အမေရိကန်ရုပ်သံသတင်းဌာနတစ်ခုသို့ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်နေ့က နေတိုးလေကြောင်းစီးနင်းတိုက်ခိုက်မှုအား ရန်လိုကျူးကျော်သောလုပ်ရပ်အဖြစ် ပါကစ္စတန် ကစွပ်စွဲခဲ့ပြီး အာဖဂန်အတွင်းရှိ နေတိုးတပ်များအတွက် ထောက်ပံ့ရေးလမ်းကြောင်းအား ပိတ်ပင်လိုက်သည်။

လွန်ခဲ့သောလက ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ရာဇာဂီလာနီက စစ်တပ်အကြီးအကဲများကို ခေါ်ယူပြီး အရေးပေါ် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးနောက် ရှမ်မီအခြေစိုက်စခန်းကို ရွှေ့ပြောင်းခိုင်းရန် ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စလာမ္မာဘတ်ရှိ အမေရိကန်သံအမတ်ကို ဆင့်ခေါ်ကာ တိုက်ခိုက်မှုကို ပြင်းထန် စွာရှုံ့ချပြောဆိုခဲ့သည်။ ပါကစ္စတန်ပါလီမန်ကော်မီတစ်ခုက အမေရိကန်တို့နှင့် မဟာဗျူဟာသဘောတူညီချက်များကို ပြန်လည်သုံးသပ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိပ်သီးတာဝန်ရှိသူများက အမေရိကန်တို့နှင့် သဘောတူညီမှုအသစ် များ ပြန်လည်ရေးဆွဲရေး ရည်မှန်းထားကြောင်းဆိုသည်။
အိုဘားမားအစိုးရက တိုက်ခိုက်မှုအတွက် အပြည့်အဝစုံစမ်းစစ်ဆေးပေးမည်ဟု အာမခံထားသော်လည်း ပါကစ္စတန် အစိုးရက လုံးဝလက်မခံဘဲ အခြေစိုက်စခန်းပိတ်ပစ်ရေးကိုသာ တွင်တွင်ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရာဘာနီတို့ တယ်လီဖုန်းဖြင့် စကားပြောခဲ့ကြပြီး ယင်းတိုက်ခိုက်မှုသည် လုံးဝလက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ် ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။