Tuesday, December 6, 2011

အီရီထရီယာ ကို ကုလသမဂ္ဂမှ ဒဏ်ခတ်


အရှေ့အာဖရိက အစိုးရများက အီရီထရီယာနိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် သူပုန်အုပ်စုများကိုထောက်ပံ့ ကူညီနေသည်ဟု စွပ်စွဲလိုက်ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရီထရီယာနိုင်ငံအပေါ်ပိတ်ဆို့မှုထပ်မံတင်း
ကြပ်လိုက်သည်။

တနင်္လာနေ့က ကြေငြာခဲ့သော ပိတ်ဆို့မှုဆုံးဖြတ်ချက်အပေါ် လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ရာ ၁၃ နိုင်ငံက ထောက်ခံမဲပေးပြီး နှစ်နိုင်ငံက ကြားနေခဲ့သည်။ ထို့ကြောင့် လုံခြုံရေးကောင်စီက အီရီထရီယာအစိုးရ၏ တစ်ဦးချင်းစီသော်လည်းကောင်း ၊ အဖွဲ့အစည်းများကိုလည်းကောင်း ခရီးသွားလာမှုပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့နောက် ဆုံးဖြတ်ချက်အရ အီရီထရီယာသည် အကြမ်းဖက်အဖွဲ့များကို တိုက်ရိုက် သို့မဟုတ် ငွေကြေးထောက်ပံ့ ခြင်း၊ စစ်ရေးထောက် ပံ့ခြင်း၊ ထောက်လှမ်းရေးအကူအညီများပေးခြင်း၊ စစ်ရေးမဟုတ်သောအခြားအကူအညီများ ပေးခြင်း စသည်ဖြင့် သွယ်ဝိုက်ထောက်ပံ့နေခြင်းများ အားလုံးရပ်တန့်ရန် တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့နှင့် အိမ်နီးချင်းနိုင်ငံအစိုးရများ၏ အစီရင်ခံချက်များအရ အီရီထရီယာနိုင်ငံ သည် ဆိုမာလီ အယ်ရှာဘက်သူပုန်များကို ထောက်ပံ့နေသည်ဟု သိရသည်။ ဆိုမာလီသမ္မတ ရှာရစ်ဖ်ရှီးအစ်ခ်က အီရီထရီယာ အစိုးရသည် ဆိုမာလီပြည်သူများအပေါ် အကြမ်းဖက်မှုများကို ကူညီအားပေးနေသည်ဟု ဆိုသည်။

ဇန်နဝါရီလအတွင်းက အက်ဒစ်အဘာဘာတွင် ပြုလုပ်ခဲ့သော အာဖရိကထိပ်သီးညီလာခံတွင် ဗုံးခွဲရန်ကြံစည်ခဲ့ သဖြင့် ကုလသမဂ္ဂ၏ ယခုဆုံးဖြတ်ချက်တွင် ရှုံ့ချကြောင်းဖေါ်ပြထားသည်။

သို့သော် ဂါဘွန်နှင့် နိုင်ဂျီးရီးယားတို့က အီရီထရီယာ၏ အဓိကစက်မှုလုပ်ငန်းဖြစ်သော သတ္တုတွင်းတူးဖေါ်ရေး ရင်းနှီးမြှုပ်နှံမှုများကိုပါ ပိတ်ဆို့ရန်နှင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ပြီး နိုင်ငံတွင်းသို့ငွေပြန်ပို့နေသော အီရီထရီယာ အလုပ်သမားများအပေါ် အခွန်ကောက်ခံခြင်းများ ရပ်ဆိုင်းရန်တို့ကိုပါ တောင်းဆိုထားသည်။

အရှေ့အာဖရိက နိုင်ငံခေါင်းဆောင်များက အီရီထရီယာကို ပြစ်ဒဏ်ခတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၁၅ နိုင်ငံသို့ တိုင်ကြားပြီးနောက် ပိတ်ဆို့ဒဏ်ခတ်မှုကို ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အီရစ်ထရီရဲ့ သူပုန်အဆင့်ကနေမတက်သေးတဲ့ အုပ်စုတစ်စုကြောင့် ပြဿနာတွေရှိနေတာပါ။” ဟု အီသီယိုးပီးယား ဝန်ကြီးချုပ် မီလီစ်ဇန်နာဝီက ပြောသည်။
“ နိုင်ငံတကာဥပဒေတွေကို ဂရုမစိုက်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်ပါတယ်။”

အီရီထရီယာကမူ ၎င်းအပေါ်စွပ်စွဲနေမှုများကို ငြင်းဆန်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။