Tuesday, December 27, 2011

ဂါဇာ ဟားမားအဖွဲ့ခေါင်းဆောင် အီဂျစ်မွတ်စလင်ညီအစ်ကိုများနှင့် တွေ့ဆုံ


ဂါဇာကမ်းမြှောင်ကိုအုပ်ချုပ်နေသော ဟားမားစ်အဖွဲ့ ခေါင်းဆောင် အစ္စမေးလ်ဟာနီယာသည် ၂၀၀၇ ခုနှစ်တွင် အာဏာရပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် အီဂျစ်နိုင်ငံ မွတ်စလင်ညီအကိုတော်များအဖွဲ့ ရုံးချုပ်သို့ သွားရောက် လည်ပတ်ခဲ့လေသည်။
“မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့က ပါလက်စတိုင်းအရေးနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးကို အမြဲဦးစား ပေးပါတယ်။” ဟု မွတ်စလင်ညီအစ်တော်များအဖွဲ့ ခေါင်းဆောင် မိုဟာမက်ဘာဒီက တနင်္လာနေ့တွင် ဟားမားစ် ခေါင်းဆောင်နှင့် တွေ့ဆုံအပြီးတွင် ပြောကြားခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းဌာန မီနာကကြေငြာခဲ့သည်။

မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့သည် အီဂျစ်တော်လှန်ရေးပြီးနောက်ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သော အဖွဲ့ဖြစ်သည်။ ဟာနီယာသည် ဘာဒီနှင့် အရှေ့အလယ်ပိုင်းနိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ယခုကဲ့သို့ အီဂျစ်နိုင်ငံသို့လာရောက်ကာ ညီအစ်ကိုများအဖွဲ့နှင့်တွေ့ဆုံခြင်းကြောင့် အစ္စရေးလ်တို့ကြောက်လန့်သွား လိမ့်မည်ဖြစ်ကြောင်း သူက ဆိုသည်။
“မွတ်စလင်ညီအစ်ကိုများအဖွဲ့နဲ့ အခုလိုတွေ့ဆုံခဲ့တာဟာ အစ္စရေးလ်ရဲ့ရပ်တည်မှုကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါတယ်။” ဟု ဟာနီယာက ပြောခဲ့ကြောင်း မီနာက တင်ပြခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော အာရပ်နိုင်ငံရေးအပြောင်းအလဲများ၏ လှုံ့ဆော်မှုများကြောင့် ယခုခရီးစဉ်ကိုထွက် လာခဲ့ခြင်းဖြစ်ကြောင်း ဟာနီယာကဆိုသည်။ ထို့နောက် အီဂျစ်၊ ဆူဒန်၊ တူနီးရှား၊ ကာတာ၊ ဘာရိန်းနှင့် တူရကီ ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံကာ ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ဆွေးနွေးမည်ဖြစ်သည်။ ၂၀၀၈-၀၉ ခုနှစ်အတွင်းက အစ္စရေးလ်၏တစ်လကြာ တိုက်ခိုက်မှုကြောင့် ဂါဇာတွင်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည်။

အီဂျစ်သည် ဟားမားအဖွဲ့နှင့် အစ္စရေးလ်ကြားတွင် ဝင်ရောက်စေ့စပ်ညှိနှိုင်းကာ အကျဉ်းသားလဲလှယ်ရေးအစီအစဉ် ကို ထမြောက်အောင်ဆောင်ရွက်ပေးခဲ့ပြီး ပါလက်စတိုင်းအုပ်စုနှစ်စုဖြစ်သော ဖါတာနှင့် ဟားမားစ်တို့ပြန်လည်ပေါင်း စည်းရေးအတွက်လည်း ကြိုးစားနေသည်။

သို့သော် ဟားမားအဖွဲ့ပါဝင်လာမည်ဆိုပါက ဖါတာ၏ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည် မဟုတ်ကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟု ကဆိုသည်။

လွန်ခဲ့သောအပတ်က ဟားမားအဖွဲ့မှ ခေါင်းဆောင်တစ်ဦးတစ်ဦးဖြစ်သူ ခါလက်မက်ရှဲလ်သည် ဖါတာဥက္ကဋ္ဌ မာမွတ် အာဘတ်စ်နှင့် ကိုင်ရိုမြို့တွင်တွေ့ဆုံကာ ပါလက်စတိုင်းဦးစီးအဖွဲ့တွင် ဟားမားပါဝင်ပြီး ပေါင်းစည်းရေး ဆွေးနွေးခဲ့ ကြသည်။

အစ္စရေးလ်ဝန်ကြီးချုပ်ပြောကြားခဲ့သော စကားနှင့်ပတ်သက်၍ ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ မာ့ခ်ရီဂတ်ဗ်က အီဂျစ်သံအမတ်နှင့် တံခါးပိတ်အစည်းအဝေးတွင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုလိုက်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။