Wednesday, December 28, 2011

ကျူးဘားတွင် အကျဉ်းသား ၂,၅၀၀ လွတ်ငြိမ်းချမ်းသာခွင့်ပေး


နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်အနေနှင့် ကျူးဘားတွင် အကျဉ်းသားပေါင်း ၂,၅၀၀ လွှတ်ပေးမည်ဖြစ်ကြောင်း သမ္မတက ကြေငြာချက်ထုတ်ခဲ့သည်ဟု အင်္ဂါနေ့က လူ့အခွင့်အရေးအဖွဲ့မှ ပြောသည်။

ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရိုက နိုင်ငံတော်ကောင်စီသည် သာမန်အကျဉ်းသားဦးရေ ၂,၉၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေမည်ဟု သောကြာနေ့က ကြေငြာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းသည် အကျဉ်းသားမိသားစုဝင်များ၏တောင်းဆိုမှုများ၊ ကျူးဘား ရိုမန်ကက်သိုလစ်ဘုရားကျောင်း တာဝန်ရှိသူများ၏ တောင်းဆိုမှုများကြောင့် လူသားချင်းစာနာထောက်ထားသော အားဖြင့်၎င်း၊ ပုတ်ရဟန်းမင်းကြီး အလည်အပတ်လာရောက်မည့် ခရီးစဉ်အထိမ်းအမှတ်အဖြစ်၎င်း လွှတ်ပေးလိုက် ခြင်းဖြစ်သည်ဟု သမ္မတက ပြောသည်။

“ ပြည်နယ်အသီးသီးမှာရှိတဲ့ အကျဉ်းသား ၂,၅၀၀ လောက် လွတ်မြောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ တွက်ချက်ထားပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး လုပ်ဆောင်စရာရှိတာတွေ ဆက်လက်လုပ်ဆောင်နေ ပါတယ်။” ဟု လွတ်လပ်သော ကျူးဘားလူ့အခွင့်အရေးအဖွဲ့မှ အီလီဇာဒိုဆန်းချက်ဇ် ကဆိုသည်။

နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောက်ယှက်သူအကျဉ်းသားအချို့အပါအဝင် ယခင်က ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ဖူး ခြင်းမရှိသော ငယ်ရွယ်သောအကျဉ်းသားများ၊ အမျိုးသမီးများ၊ နာမကျန်းသူများနှင့် အသက် ၆၀ ကျော် အကျဉ်း သားများ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းတွင် ပါဝင်မည်ဟု ကက်စထရိုက ဆိုသည်။ ထို့ပြင် ကျူးဘားနိုင်ငံတွင်း ရာဇဝတ်မှုကျူးလွန်ထားသော နိုင်ငံ ၂၅ နိုင်ငံမှ နိုင်ငံခြားသားအကျဉ်းသား ၈၆ ယောက်လည်းပါဝင်ကြောင်းသိရ သည်။
အင်္ဂါနေ့က မိမိတို့နိုင်ငံသားများအကျဉ်းကျနေသော နိုင်ငံများမှ ကျူးဘားအာဏာပိုင်များကိုဆက်သွယ်မေးမြန်းခဲ့ကြ သည်။
“ဒီလွတ်ငြိမ်းချမ်းသာခွင့်ကို ကျူးဘားလူ့အခွင့်အရေးကော်မရှင်က ချီးကျူးပါတယ်။ ဒါပေမယ့် ကျူးဘား အကျဉ်းထောင်တွေထဲမှာ အကျဉ်းသား ၇၀,၀၀၀ နဲ့ ၈၀,၀၀၀ ကြားရှိတဲ့အထဲက ကန့်သတ်ပြီး လွှတ်ပေးခြင်းဖြစ်ပါ တယ်။” ဟု ဆန်းချက်ဇ် ကပြောသည်။ နိုင်ငံရေးအကျဉ်းသား ၅ ဦးလည်းပါဝင်ကြောင်း ဆိုသည်။

လွတ်ငြိမ်းချမ်းသာခွင့်စာရင်းထဲတွင် မပါဝင်ကြောင်းသိရသည့် ကျန်သည့်အကျဉ်းသားများသည် ထောင်တွင်း ဆန္ဒပြ ခဲ့ကြကြောင်း ဆန်းချက်ဇ်က AFP သတင်းသို့ပြောသည်။

ယင်းသို့ ထောင်တွင်းဆန္ဒပြမှုများအတွင်း ဆန်တီယေဂိုဒီကျူးဘား ပြည်နယ်ရှိ ဘိုနီယာတို အကျဉ်းထောင်တွင် အကျဉ်းသား ၁၀ ဦးသည်ပါးစပ်များကိုအပ်ဖြင့်ပိတ်ချုပ်ပြီးအစာငတ်ခံဆန္ဒပြနေကြောင်းသိရသည်။

မြို့တော် ဟာဗားနားရှိ ကွန်ဘီနာဒိုဒယ်လ်အက်စ်တီအကျဉ်းထောင်နှင့် အခြားအကျဉ်းထောင်များတွင်လည်း အသေးစားဆန္ဒပြမှုများဖြစ်ပွားနေကြောင်း ဆန်းချက်ဇ်က ပြောသည်။

၂၀၁၀ ခုနှစ်အတွင်းကလည်း ကက်သလစ်ဘုရားကျောင်း၏ ကြားဝင်စေ့စပ်မှုဖြင့် နိုင်ငံရေးအကျဉ်းသား ၁၃၀ ကို လွှတ်ပေးခဲ့သည်။

နိုင်ငံရေးရည်ရွယ်ချက်ဖြင့် သင်္ဘောပြန်ပေးဆွဲခြင်း၊ လေယာဉ်ပြန်ပေးဆွဲခြင်း နှင့် သူလျှိုလုပ်သည့် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့် ကျန်နေသေးကြောင်း အတိုက်အခံများက ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။