Saturday, December 3, 2011

ကိုဆိုဗိုနှင့် ဆားဗီးယားနယ်စပ်သဘောတူညီချက်ရရှိ


ဘရပ်ဆဲလ်တွင် သုံးရက်ဆက်တိုက် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ဆားဘီးယားနှင့် ကိုဆိုဗိုကြား နယ်စပ် အငြင်းပွားမှုအတွက် အရေးပါသော သဘောတူညီချက်တစ်ရပ်ကိုရရှိခဲ့ကြောင်း ဥရောပသမဂ္ဂ စေ့စပ်ညှိနှိုင်းသူများ က ပြောကြားလိုက်သည်။
သောကြာနေ့က ဥရောပသမဂ္ဂမှ ထုတ်ပြန်လိုက်သော ကြေငြာချက်တွင် ဆားဗီးယားနှင့် ကိုဆိုဗိုတို့ နယ်စပ်သဘော တူညီမှုတစ်ရပ်ကို ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့သော် အတတ်နိုင်ဆုံးလက်တွေ့ကျင့်သုံးလိုက်နာခြင်းဖြင့် သဘောတူညီချက်ပါ အချက်များတဖြည်းဖြည်းချင်း ပြေလည်သွားမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ဥရောပသမဂ္ဂ၏ ဥပဒေတည်ရေးနှင့် တရားမျှတရေးဆိုင်ရာ အဖွဲ့(EUFLEX) ကို ကိုဆိုဗိုတွင် ထားရှိပေးမည်ဖြစ် ကြောင်း သမဂ္ဂက ဆိုသည်။

သုံးရက်ကြာဆွေးနွေးပွဲတွင် အကြိတ်အနယ်ပြောဆိုခဲ့ရပြီး နယ်စပ်ဒေသ အကြမ်းဖက်မှုများအားတားဆီးနိုင်ရေး အတွက် ဥရောပသမဂ္ဂမှ ခြိမ်းခြောက်၍ ဆားဗီးယားအားဖိအားပေးပြီးနောက်မှ ဥရောပသမဂ္ဂစေ့စပ်ညှိနှိုင်းသူများက သဘောတူညီချက်ကို ထုတ်ပြန်ကြေငြာနိုင်ခဲ့ခြင်းဖြစ်သည်။
ဘဲလ်ဂရိတ်နှင့် ပရစ္စတီးနားတို့ကလည်း ယခင်ကတည်းကထားရှိသော လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် သဘောတူညီချက်အပေါ် အပြည့်အဝလိုက်နာရန် သဘောတူကြသည်။
“ဒီဇင်ဘာ ၂၆၊ ၂၀၁၁ ခုနှစ်မှာချုပ်ဆိုခဲ့တဲ့ လူတိုင်းလွတ်လပ်စွာခရီးသွားလာနိုင်ရေး ဆိုတဲ့ လွတ်လပ်စွာလှုပ် ရှားသွားလာခွင့် သဘောတူညီချက်အတိုင်း ဖြစ်ပေါ်လာစေဖို့ မျှော်လင့်ပါတယ်။” ဟု ဥရောပသမဂ္ဂက ပြောသည်။

ဥရောပသမဂ္ဂက ဆားဗီးယားအား သမဂ္ဂအတွင်းဝင်ရောက်ခွင့်မပေးဟု ခြိမ်းခြောက်ပြီး ဖိအားပေးခဲ့ခြင်းကြောင့် ဆွေးနွေးမှုဆက်လက်ပြုလုပ်ကာ ကိုဆိုဗိုနှင့် ဆက်ဆံရေးကောင်းမွန်စေရန် သဘောတူညီချက်တစ်ရပ်ကို ဆားဗီးယားက ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါသောကြာနေ့ ကြေငြာချက်သည် အပြုသဘောဆောင်သော ဆုံးဖြတ်ချက်တစ်ခု ဟုတ်၊ မဟုတ်ကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျင်းပမည့်ဥရောပသမဂ္ဂထိပ်သီးညီလာခံ တွင် ဆုံးဖြတ်ဦးမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ တနင်္လာနေ့တွင် ဥရောပသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်များ အကြိုဆွေးနွေးကြမည်ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့အတွင်း ဆားဗီးယားဝင်ရောက်ရေးအတွက် အတားအဆီးဖြစ်ဖွယ် အရုပ်ဆိုးအကျည်းတန်သော ဖြစ်ရပ်တစ်ခု တနင်္လာနေ့က ဖြစ်ပွားခဲ့သေးသည်။ ယင်းဖြစ်ရပ်မှာ ဆာ့ဘ်တိုင်းရင်းသားများလက်ချက်ဖြင့် နေတိုး တပ်ဖွဲ့ဝင် ၃၀ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဆားဗီးယားနှင့် ကိုဆိုဗိုနယ်စပ်တွင် ကိုဆိုဗိုနယ်စပ်တာဝန်ရှိသူများ ဝင်ရောက်လာခြင်းမပြုနိုင်အောင် ဆားဗီးယားမှ ပိတ်ဆို့ထားသော လမ်းတားဘလောက်တုံးများကို နေတိုးတပ်များက ဖယ်ရှားနေစဉ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဆားဗီးယားသမ္မတ ဘောရစ်တာဒစ်ကမူ ယင်းဖြစ်ရပ်အတွက် ဗုဒ္ဓဟူးနေ့က ရှုံ့ချပြောဆိုခဲ့သော်လည်း ၎င်းတို့စစ်သားများထိခိုက်ဒဏ်ရာရသွားသော ဂျာမဏီနှင့် သြစတြီးယားတို့ကမူ ဆားဗီးယားသမ္မတက ယင်းသို့တိုက် ခိုက်မှုများမဖြစ်ပေါ်အောင် တားဆီးနိုင်ခဲ့ခြင်းမရှိကြောင်း ဝေဖန်ခဲ့သည်။

“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကိုဆိုဗိုမြောက်ဘက်ဒေသမှာ ဂျာမန်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေ သေနတ်နဲ့အပစ်ခံရပြီးတော့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ ကိစ္စပါ။” ဟု ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာခဲလ်က ပါလီမန်တွင် သောကြာနေ့က ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။