Sunday, January 1, 2012

ကင်ဂျုံအန်းကို အသက်ပေးကာကွယ်သွားကြရန် တိုက်တွန်း


မြောက်ကိုရီးယားပြည်သူလူထုများသည် ခေါင်းဆောင်သစ်ကင်ဂျုံအန်းအား အသက်ပေးပြီးကာကွယ်သွားကြရန်နှင့် အကျိုးစီးပွားအတွက် အစွမ်းကုန်ကာကွယ်သွားကြရန် နိုင်ငံပိုင်သတင်းစာမှ နှစ်သစ်ကူး အယ်ဒီတာ့အာဘော်အခန်း တွင် ရေးသားထားသည်။
“ လူထုကြီးတစ်ရပ်လုံး၊ စစ်တပ်ကြီးတစ်ခုလုံးနဲ့ တစ်နိုင်ငံလုံးက ကင်ဂျုံအန်းနဲ့ ကွန်မြူနစ်ပါတီကြီးအတွက် လူသားတံတိုင်းတွေ၊ လူသားဒိုင်းတွေအနေနဲ့ သေတဲ့အထိကာကွယ်စောင့်ရှောက်သွားရမှာဖြစ်ပါတယ်။” ဟု ဆို၏။

ဖခင်ဖြစ်သူ ကင်ဂျုံအီလ် ဒီဇင်ဘာ ၁၇ ရက်နေ့က သေဆုံးသွားပြီးနောက် အသက် ၂၀ ကျော် ကင်ဂျုံအန်းကို သူ့နေရာတွင် ဆက်ခံသူ အဖြစ်ရွေးချယ်ခဲ့သည်။
စနေနေ့က အင်အား ၁.၂ သန်းရှိပြီး ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံးစစ်တပ်၏ အမြင့်ဆုံးခေါင်းဆောင်ရာထူးကို အပ်နှင်းခဲ့သည်။ တနင်္ဂနွေနေ့ အယ်ဒီတာ့အာဘော်တွင် စစ်တပ်ကို ကျစ်လစ်ခိုင်မာမှုရှိရန်နှင့် တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန် တပ်သား ၂၈,၅၀၀ ပြန်လည်ထွက်ခွာသွားရန် တောင်းဆိုလိုက်သည်။ သို့သော် မိမိတို့နိုင်ငံ၏ အချုပ်အခြာကိုလေးစားသော နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ပြုံယမ်းမှ ဆောင်ရွက်လိုကြောင်း ဆိုသည်။

ကွန်မြူနစ်ပါတီထုတ် ရိုဒွန်ဆင်မွန်သတင်းစာနှင့် အခြားသတင်းစာများတွင် ဖေါ်ပြခဲ့သော အဆိုပါ အယ်ဒီတာ့ အာဘော်တွင် စစ်တပ်ကိုဦးစားပေးကာ ကင်မျိုးဆက်ကြီးများက တည်ထောင်ခဲ့သော ကွန်မြူနစ်ပါတီကို အသားပေး ဖေါ်ပြထားသည်။

မြောက်ကိုရီးယားသည် ဆင်းရဲသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုနှစ်တွင် အင်အားတောင့်တင်လားစေရန်နှင့် စီးပွားရေး တိုးတက်ကောင်းမွန်လာစေရန် ရည်မှန်းချက်ချထားသည်။ ထို့နောက် တောင်ကိုရီးယားသည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီးကင်ဂျုံအီလ်ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းခြင်းအထိမ်းအမှတ်မပြသခဲ့သော သစ္စာဖေါက်အဖြစ် စွပ်စွဲရေးသားထားသည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယားပြည်သူများအား စာနာထောက်ထားပါကြောင်း ဖေါ်ပြခဲ့သော်လည်း အစိုးရ ကိုမူ လစ်လျူပြုခဲ့သည်။ ထို့နောက် အစိုးရနှင့်မသက်ဆိုင်သော ပုဂ္ဂလိကကိုယ်စားလှယ်များ သွားရောက်ဂါရဝပြုခြင်း ကို ခွင့်ပြုခဲ့သည်။

“ တောင်ကိုရီးယားကတော့ တရားဝင်တုံ့ပြန်တာမရှိသေးပါဘူး။ တနင်္လာနေ့မှာတော့ သမ္မတလီမြောင်ဘတ် မိန့်ခွန်းပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။” ဟု အယ်ဂျာဇီယာသတင်းထောက် ဟာရီဖေါဆက်က တောင်ကိုရီးယားမြို့တော် ဆိုးလ်မှ သတင်းပေးပို့ခဲ့သည်။
“ မြောက်ကိုရီးယားဘက်ကလည်း မနှစ်ကလောက် ပျော့ပြောင်းမှုမရှိ၊ စကားပြောဆိုလိုစိတ်မရှိကြောင်း တောင်ကိုရီးယားသတင်းစာမှာဖေါ်ပြထားပါတယ်။”
“ဒါပေမယ့် နှစ်နိုင်ငံပြောဆိုဆက်ဆံရေးတွေ ပြတ်တောက်သွားမယ့် အနေအထားမျိုးလို့တော့ ပြောလို့မရ ပါဘူး။”

ခေါင်းဆောင်သစ်ပြောင်းလဲလာသော်လည်း မူဝါဒရေးရာများတွင် မည်သည့်အပြောင်းအလဲမျှမရှိကြောင်း မြောက်ကိုရီးယားက ကမ္ဘာကိုအသိပေးပြောကြားလိုက်ပြီး ၁၃ ရက်ကြာနိုင်ငံတော်ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို တောင်ကိုရီးယားက လေးစားသမှုမရှိခဲ့သည့်အတွက် ခြိမ်းခြောက်ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။