Wednesday, January 4, 2012

ရေလက်ကြားကို စွန့်ခွါမည်မဟုတ်ကြောင်း အမေရိကန်ပြော


ဟော်မျုဇ်ရေလက်ကြားဒေသတွင် အမေရိကန်လေယာဉ်တင်သင်္ဘောများ သွားလာခြင်းမပြုရန် အီရန်ကသတိပေး ထားသော်လည်း မဟာဗျူဟာမြောက်ရေလက်ကြားဒေသတွင် မိမိတို့သင်္ဘောများပုံမှန်ဆက်လက်သွားနေမည်ဖြစ် ကြောင်း ပင်တာဂွန်က တုံ့ပြန်လိုက်သည်။

ပင်လယ်ကွေ့အတွင်းမိမိတို့သင်္ဘောများသွားလာလှုပ်ရှားနေခြင်းသည် နိုင်ငံတကာဥပဒေနှင့်ညီညွတ်ပြီး ကုန်သွယ် ရေကြောင်း အချက်အခြာဒေသဖြစ်သော ဟော်မျုဇ်ပင်လယ်ကွေ့လုံခြုံရေးအတွက် အမြင့်ဆုံးတပ်လှန့်ထားသည့် အနေအထားအတိုင်းဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ပင်တာဂွန်ပြန်ကြားရေးတာဝန်ခံ ဂျော့ဂ်ျလစ်တဲက ပြောသည်။

ထိုသို့အမေရိကန်က တုံ့ပြန်ပြောဆိုခဲ့သည့်နေ့ အစောပိုင်းက အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်းအား ပင်လယ်ကွေ့အတွင်း ပြန်လည်ဝင်ရောက်မလာရန် အီရန်စစ်ဦးစီးချုပ်က သတိပေးပြောကြားခဲ့သည်။ မိမိတို့အပေါ် စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်လျင် ပင်လယ်ကွေ့အတွင်း သွားလာမှုများကို ပိတ်ပင်တားဆီးမည်ဟု အီရန်က သတိပေးစကားပြောကြားပြီးဖြစ်သည်။

အီရန်၏ သတိပေးပြောကြားချက်များသည် သူတို့အားနည်းချက်ကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်ကြောင်း၊ နျူကလီးယားအစီအစဉ်ကိုရှေ့ဆက်ဆောင်ရွက်နေသဖြင့် အီရန်သည် နိုင်ငံတကာပိတ်ဆို့ဒဏ်ခတ်မှုကို ခံနေရပြီ ဖြစ်ကြောင်း အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ဂျေးကာနီက ပြောကြားလိုက်သည်။

“ ရေလက်ကြားကိစ္စဟာ အီရန်ရဲ့နောက်ဆုံးခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတကာသတ်မှတ်ချက်တွေကို လိုက်နာဖို့ ငြင်းဆန်တဲ့အတွက် ဖိအားပေးခြင်းခံနေရပါတယ်။ အီရန်ဟာ အထီးကျန်ပိတ်ဆို့ခြင်းခံနေရတာနဲ့ သူ့ပြည်တွင်းရေး ပြဿနာတွေကို အာရုံပြောင်းတဲ့အနေနဲ့ လုပ်နေခြင်းဖြစ်ပါတယ်။” ဟု ဆိုသည်။

အမေရိကန် USS John C Stennis နှင့် အခြားသင်္ဘောများသည် လွန်ခဲ့သောတစ်ပတ်က ဟော်မျုဇ်ရေလက်ကြား အတွင်းမှ ထွက်ခွါလာခဲ့ကြကြောင်း အမေရိကန်ရေတပ်မှ ပြောကြားသည်။

ထိုအချိန်မှစ၍ အီရန်ကလည်း ရေလက်ကြား အဝင်ဝတွင် စစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ခဲ့သည်။ ယင်းရေလက် ကြားသည် အရှေ့အလယ်ပိုင်းဒေသမှ ရေနံများ ကမ္ဘာအနှံ့သို့တင်ပို့ရာတွင် အသုံးပြုသော အရေးပါသော ရေလမ်းကြောင်းဖြစ်သည်။
ဆယ်စုနှစ်များစွာကြာအောင် ပါရှန်းပင်လယ်ကွေ့အတွင်း အမေရိကန်စစ်တပ်များတည်ရှိနေခဲ့ပြီး ဆက်လက် ၍လည်း တည်ရှိသွားဦးမည်ဖြစ်ကြောင်း ဂျော့လစ်တဲလ်က ပြောဆိုခဲ့သည်။

“ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ကာလရှည်ကြာမြင့်စွာကတည်းက ကျွန်တော်တို့ ဆောင်ရွက် လာတာတဲ့အညီ ဆက်လက်ပြီး သူ့အစီအစဉ်နဲ့သူ ဆောင်ရွက်သွားမှာပါ။”

အမေရိကန်အမှတ် ၅ ရေတပ်မတော်သည် ပင်လယ်ကွေ့ဘာရိန်းတွင် အခြေစိုက်လာသည်မှာ ကြာပြီဖြစ်သည်။
အီရန်တို့က ဟော်မျုရေလက်ကြားကို ပိတ်ဆို့မည်ဟု ခြိမ်းခြောက်လာသည့်အတွက် ပင်လယ်ကွေ့အတွင်း စစ်တပ် အင်အားကို တောင့်တင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဟော်မျုဇ်ရေလက်ကြားနှင့် ပတ်သတ်၍ အီရန် တို့နှင့် ထိပ်တိုက်မတွေ့လိုကြောင်း၊ တင်းမာမှုများ လျှော့ချသွားရမည်ဖြစ်ကြောင်း လစ်တဲက သွယ်ဝိုက်ဖြေကြားသွား လေသည်။ သို့သော် ရေလက်ကြားကို ပိတ်ဆို့မည်ဆိုလျင် မည်သည့်နည်းနှင့်မျှ သည်းခံမည်မဟုတ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

တနင်္လာနေ့က ပင်လယ်ကွေ့အတွင်း အီရန်ရေတပ်စစ်ရေးလေ့ကျင့်ရာ၌ မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်များစမ်းသပ် ပစ်ခတ်ခဲ့ပြီး ရေတပ်ဦးစီးချုပ်က ရေလက်ကြားကို လုံးဝထိန်းချုပ်ထားနိုင်ပြီဟု ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများနှင့် ပတ်သက်၍ “ဒီဇင်ဘာနှောင်းပိုင်းလောက်က စပြီး အီရန်ရေတပ်စစ်ရေး လေ့ကျင့်ရာမှာ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာ ကျွန်တော်တို့ သတိထားမိပါတယ်။ သူတို့လည်း စစ်ရေး လေ့ကျင့်မှုတွေ လုပ်ပိုင်ခွင့်ရှိပါတယ်။” ဟု လစ်တဲက ဆိုသည်။

“အီရန်အစိုးရအနေနဲ့ သူရဲ့ စွမ်းအင်တွေနဲ့ အရင်းအမြစ်တွေကို ပင်လယ်ကွေ့ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တဲ့နေရာမှာ အကျိုးရှိရှိအသုံးပြုသင့်တယ်လို့ အမေရိကန်က ယူဆပါတယ်။” ဟူ၍လည်း လစ်တဲကပြောဆိုသွားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။