Saturday, January 7, 2012

ဆီးရီးယားတွင် စစ်သားများ အတိုက်အခံများနှင့် ပူးပေါင်း


ဆီးရီးယားနိုင်ငံဟားမားမြို့တွင် အကြီးတန်းစစ်ဘက်အရာရှိတစ်ဦးနှင့် အတူတပ်သား ၅၀ ခန့် အစိုးရစစ်တပ်ကို စွန့်ခွါပြီး အတိုက်အခံများဘက်သို့ကူးပြောင်းသွားခဲ့သည်။

လေတပ်သယ်ပို့ဌာနခွဲမှ ဗိုလ်မှူးကြီး အာဖိမာမွတ်ဆူလေမန်သည် တနင်္ဂနွေနေ့က အယ်ဂျာဇီယာအာရပ်အစီအစဉ် တွင် အစိုးရစစ်တပ်ကိုစွန့်ခွါလိုက်ကြောင်း ကြေငြာခဲ့သည်။ ဆူလေမန်က သူနှင့်သူ့နောက်လိုက်များသည် ဟားမား မြို့တွင် ဆန္ဒပြသူများ ငြိမ်းချမ်းစွာဆက်လက်ဆန္ဒပြနိုင်ရန် အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
“ကျုပ်တို့က စစ်တပ်ကပါ။ ဒါပေမယ့် အစိုးရက အရပ်သားတွေကို သတ်ဖြတ်နေတဲ့အတွက် အစိုးရစစ်တပ် ကိုစွန့်ခွါလိုက်ပါပြီ။ ဆီးရီးယားစစ်တပ်ဟာ ဟားမားမြို့မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ လေကြောင်းကနေတိုက်ခိုက်၊ တင့်ကားတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။” ဟု ဆူလေမန်က ဆိုသည်။
“အာရပ်အဖွဲ့ချုပ်က လေ့လာရေးအဖွဲ့တွေကို တိုက်ခိုက်ခံရတဲ့နေရာတွေကို ကိုယ်တိုင်လာကြည့်ကြဖို့ ဖိတ် ခေါ်ပါတယ်။ အဲဒီမှာ အပျက်အစီးတွေကိုခင်ဗျားတို့ မျက်စေ့နဲ့တပ်အပ် တွေ့ရပါလိမ့်မယ်။”
“ပြီးတော့ ဟားမားမြို့မှာ လူပေါင်း ၄၆၀ ကျော်ကို မြှုပ်ထားတဲ့နေရာသုံးခုကို လာပြီးတူးကြည့်ကြဖို့ တိုက်တွန်းပါတယ်။”

အာရပ်အဖွဲ့ချုပ်သည် ဆီးရီးယားအစိုးရနှင့် သဘောတူညီထားသည့်အတိုင်း နိုင်ငံတွင်း အကြမ်းဖက်နှိမ်နင်းမှုများ ရပ်တန့်သွားခြင်းရှိ၊ မရှိဆိုသည်ကို သွားရောက်လေ့လာနေလျက်ရှိသည်။

လွန်ခဲ့သောလေးရက်က အစိုးရထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ကာကွယ်ရေးဝန်ကြီးဌာနစစ်ဆေးရေးအကြီးအကဲ မာမွတ်ဆူလေမန်ဟာ့ဂ်ျ ဟာမက် အစိုးရအဖွဲ့မှ နှုတ်ထွက်ပြီး အတိုက်အခံများဘက်မှ ရပ်တည် ပြီးနောက် ဆူလေမန်နှင့် နောက်လိုက်များ ထပ်မံစွန့်ခွါလိုက်ခြင်းဖြစ်သည်။ နိုင်ငံခြားမှ အကြမ်းဖက်အုပ်စုများက ဆီးရီးယား နိုင်ငံတွင်းမငြိမ်သက်မှုများဖြစ်ပွားအောင် အားပေးအားမြှောက်ပြုနေသည်ဟူသော အစိုးရ၏ ပြောဆိုချက်မှာ မမှန် ကန်ကြောင်း အယ်ဂျာဇီယာသို့ပြောပြခဲ့သည်။


သောကြာနေ့က ဆန္ဒပြပွဲများတွင် အစိုးရစစ်တပ်မှ သတ်ဖြတ်မှုကြောင့် နောက်ထပ် ၃၂ ဦးသေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဆိုသည်။ အဆိုပါနေ့မှာပင် မြို့တော် ဒမားစကတ်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ ရဲကားတစ်စီးကို ထိမှန်ခဲ့ပြီး အနည်းဆုံး ၂၆ ယောက်သေဆုံးခဲ့ကြောင်း အစိုးရအာဏာပိုင်များက ကြေငြာခဲ့သည်။
အစိုးရရုပ်မြင်သံကြားဌာနမှ အခင်းဖြစ်ပွားနေရာရှိ လမ်းမပေါ်ရှိသွေးအိုင်များကို ပြသခဲ့ပြီး မြို့တော်တွင်း ဒုတိယ အကြိမ်မြောက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကြေငြာခဲ့သည်။
ယင်းပေါက်ကွဲမှုသည် အစိုးရလက်ချက်ဖြစ်ကြောင်း အတိုက်အခံများက စွပ်စွဲခဲ့ပြီး လွတ်လပ်စွာစုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။

အစိုးရကမူ အကြမ်းဖက်သမားများလက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြင်းပြင်းထန်ထန်ကိုင်တွယ်သွားမည်ဟု ကြုံးဝါးခဲ့သည်။

ဆီးရီးယားအစိုးရစစ်တပ်မှ ခွဲထွက်ကာ လွတ်လပ်သော ဆီးရီးယားစစ်တပ်အဖြစ်အတိုက်အခံများဘက်မှ ရပ်တည် နေသော အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ရီအက်အယ်အာဆက်က အစိုးရ၏ ပြောကြားချက်ကို ပယ်ချခဲ့ပြီး ယင်းဖေါက် ခွဲမှုသည် ယခင်အကြိမ်များက ကဲ့သို့ပင် အစိုးရကိုယ်တိုင် ဖေါက်ခွဲခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။