Friday, January 6, 2012

ှဆီးရီးယား အစိုးရထိပ်တန်းအရာရှိတစ်ဦး ဘက်ပြောင်း

မာမွတ်ဆူလေမန်ဟာ့ခ်ျဟာမက်

ဆီးရီးယားအစိုးရထိပ်တန်းအရာရှိတစ်ဦး အတိုက်အခံများဘက်သို့ကူးပြောင်းလာခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုများ ဆယ်လကြာသည်အထိ အစိုးရ၏ချေမှုန်းမှုများကြောင့် နိုင်ငံအဝှမ်း လူထောင်နှင့် ချီ၍သေဆုံးခဲ့ပြီးဖြစ်သည်။

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းရေးအကြီးအကဲ မာမွတ်ဆူလေမန်ဟာ့ခ်ျဟာမက်သည် ဗုဒ္ဓဟူးနေ့က ကိုင်ရိုမြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး အစိုးရမှနှုတ်ထွက်ကြောင်း ကြေငြာခဲ့သည်။
ဟာမက်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းစစ်လည်းဖြစ်သည်။ အယ်ဂျာဇီယာနှင့် အင်တာဗျူးတွင် နိုင်ငံရပ်ခြား မှ အကြမ်းဖက်အုပ်စုများက ထောက်ပံ့နေသော လက်နက်ကိုင်အုပ်စုများက အကြမ်းဖက်လုပ်ရပ်များကျူးလွန်ခြင်း နေခြင်းဖြစ်ကြောင်း အစိုးရ၏ ပြောဆိုချက်များမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။
“ဆန္ဒပြသူတွေကို လက်နက်ကိုင် အုပ်စုတွေကသတ်ဖြတ်နေတယ်လို့ အစိုးရရဲ့ပြောကြားမှုတွေအားလုံးက အလိမ်အညာတွေချည်းပါပဲ။ ဘာလက်နက်ကိုင် အကြမ်းဖက်သမားမှ မရှိပါဘူး။ လက်နက်မဲ့ဆန္ဒပြသူတွေပဲရှိပါ တယ်။” ဟု ဆိုသည်။

နိုင်ငံအဝှမ်းဆန္ဒပြရာအဓိကနေရာများကို သိမ်းပိုက်ရေးအတွက် တင့်ကားများပါဝင်သော စစ်တပ်များချထားရေး အတွက် အစိုးရက အမေရိကန်ဒေါ်လာသန်း ၄၀ ခန့် သုံးစွဲခဲ့ကြောင်း ဟာမက်ကပြောသည်။
“ကျွန်တော် စာရင်းစစ်ဝင်တဲ့အချိန်မှာ အစိုးရက လူဆိုးတွေကိုပေးဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ လောက် သုံးစွဲခဲ့တာတွေ့ရပါတယ်။”
“ဆန္ဒပြသူတွေကို သတ်ဖြတ်ဖို့အတွက် စစ်ကားတွေကို ပြင်ဆင်နေတာတွေလည်း တွေ့ခဲ့ရပါတယ်။ ဒါတွေဟာ ဆန္ဒပြပွဲတွေ စတင်ကတည်းက ဖြစ်နေတာပါ။”

အခြားအစိုးရအရာရှိများနှင့် အလုပ်သမားများလည်း နှုတ်ထွက်ဘက်ပြောင်းလိုကြကြောင်း၊ သို့သော် နောက်ဆက်တွဲ အကျိုးဆက်များကို ကြောက်ရွံ့သဖြင့်မလုပ်ရဲကြဘဲရှိနေကြောင်း ဟာမက်ကဆိုသည်။
“ဆီးရီးယားအစိုးရ အရာရှိတွေလည်း ထောင်ကျနေသလိုပါပဲ။ စစ်တပ်အစောင့်အရှောက်မပါဘဲ ဘယ်ကိုမှ သွားလို့မရကြပါဘူး။”
အီရန်နှင့် အီရတ်အစိုးရများကလည်း ဆီးရီးယားအစိုးရ၏ ဆန္ဒပြပွဲများနှိမ်နင်းမှုကို အကူအညီအထောက်အပံ့များပေး နေသည့် သက်သေအထောက်အထားများတွေ့ရကြောင်း ဆိုသည်။
“ဆီးရီးယားအစိုးရက အီရန်နဲ့ အီရတ်အစိုးရတွေဆီက ငွေကြေးထောက်ပံ့မှုတွေရယူနေပါတယ်။” ဟု ဟာမက်က ပြောသည်။

အစိုးရ၏ နှိမ်နင်းမှုများမှ ဆန္ဒပြသူများကို အကာအကွယ်ပေးရန် အစိုးရတပ်မှ နှုတ်ထွက်ပြီး တည်ထောင်ထားသော အင်အား ၂၅,၀၀၀ ခန့်ရှိ ဆီးရီးယားလွတ်မြောက်ရေးစစ်တပ်ကို အာမက်က ချီးကျူးစကားပြောဆိုလိုက်သည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။