Saturday, February 4, 2012

အီဂျစ်တွင် ဘောလုံးပွဲနောက်ပိုင်း ဆန္ဒပြမှုများတွင် ထပ်မံသေဆုံး


အီဂျစ်၌ ဗုဒ္ဓဟူးနေ့က ဘောလုံးပွဲအဓိကရုဏ်းအတွင်း လူအများသေဆုံးမှုတွင် လုံခြုံရေးရဲများ ညံ့ဖျင်းမှုကြောင့်ဟု မကျေမနပ်ဖြစ်နေသော လူထုဆန္ဒပြပွဲအတွင်း ရှစ်ဦးထပ်မံသေဆုံးခဲ့သည်။
သောကြာနေ့ ဆူးအက်မြို့ဆန္ဒပြပွဲတွင် ရဲကလူစုခွဲရန် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် ငါးဦးသေဆုံးခဲ့သည်။
ကိုင်ရိုမြို့ပြည်ထဲရေးဝန်ကြီးဌာနရုံးအနီးဆန္ဒပြပွဲတွင် သုံးဦးသေဆုံးခဲ့သည်။ ရဲများက မျက်ရည်ယိုဗုံးများ၊ ငှက်ပစ်သေ နတ်များဖြင့် စုပြုံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ရဲကားတစ်စီးဖြင့် ၀င်တိုက်မိသောကြောင့် စစ်သားတစ်ဦးလည်း သေဆုံးခဲ့ သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုင်ရို အဓိကရုဏ်းတွင် လူပေါင်း ၁,၇၀၀ ခန့် ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

မြို့တော်ကိုင်ရိုအပါအ၀င် နိုင်ငံအ၀ှမ်းလုံခြုံရေးအခြေအနေလျော့ရဲနေကြောင်း အယ်ဂျာဇီယာသတင်းထောက် ဆူးတာတွန်က ကိုင်ရိုမြို့မှ နေ၍ သတင်းပေးပို့ခဲ့သည်။

အီဂျစ်နိုင်ငံအထက်ပိုင်း မင်ညာပြည်နယ်တွင် လုံခြုံရေးညွှန်ကြားမှုရုံးနှင့် ရဲစခန်းအပြင်ဘက်တွင် ဆန္ဒပြကြရာ ၁၁ ယောက်ဒဏ်ရာရရှိခဲ့သည်။ ဒုတိယမြို့တော် အလဇန္ဒရီးယားမြို့ လုံခြုံရေးညွှန်ကြားမှုရုံးအပြင်ဘက်တွင် ဆန္ဒပြသူ များနှင့်ရဲများအကြား မျက်ရည်ယိုဗုံးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။
အယ်လ်မာ့ဂ်ျမြို့တွင် ရဲစခန်းတစ်ခုကို ဆန္ဒပြသူများက မီးရှို့ခဲ့ရာ ဖမ်းဆီးထားသော တရားခံတစ်ဦးလွတ်မြောက် ထွက်ပြေးသွားခဲ့သည်။

ပေါ့ဆက်မြို့တွင် ဖြစ်ပွားခဲ့သော ဘောလုံးပွဲအဓိကရုဏ်း ၇၂ ယောက်သေဆုံးမှုအား စုံစမ်းစစ်ဆေးရန် တောင်းဆို ပြီး ကြာသပတေးနေ့က လူထောင်ပေါင်းများစွာ လမ်းမများပေါ်သို့ ထွက်ကာဆန္ဒပြခဲ့ကြသည်။ ယင်းသေဆုံးမှုတွင် ရဲများတာဝန်ရှိသည်ဟု ဆိုကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။