Sunday, February 5, 2012

ယီမင်သမ္မတဟောင်းကို ဆေးကုသခွင့်ပေးသည့်အပေါ် မကျေနပ်


နှစ်သုံးဆယ်ကျော်အတွင်း နောက်ထပ် အမေရိကန်သမ္မတတစ်ဦးအနေနဲ့ အိုဘားမားက ယီမင်အာဏာရှင်ဟောင်း အဘ္ဘဒူလာ ဆာလဲကို အမေရိကန်နိုင်ငံမှာ ဆေးကုသခွင့်ပေးလိုက်ပါတယ်။ ဒီအချက်ကို မကျေနပ်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

ယီမင်သမ္မတဟောင်း ဆာလဲဟာ ယီမင်နိုင်ငံကို ၂၁ နှစ်ကြာအုပ်ချုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာလကမှ ဖိအား ပေးနှုတ်ထွက်ခိုင်းတာကြောင့် နှုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လက သူ့ကိုလုပ်ကြံရာမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး လွန်ခဲ့တဲ့လက မက်ဟန်တန်ကိုရောက်ရှိ ဆေးကုသနေကြောင်း သိရပါတယ်။

သူဘယ်နေရာမှာ ရှိတယ်ဆိုတာကို သိသွားတဲ့ တက်ကြွလှုပ်ရှားသူတွေစုစည်းပြီး ရစ်ဇ်ကာလတွန်ဟော်တယ် အပြင်ဘက်မှာ စုရုံးဆန္ဒပြကြပြီး ပြန်မောင်းထုတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီလို အာဏာရှင်ဟောင်း မဟာမိတ်တစ်ဦးကို လက်ခံတာဟာ အမေရိကန်အတွက် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ် လာနိုင်ဖွယ်ရှိတဲ့အကြောင်း ဆန္ဒပြသူတွေက ဆိုပါတယ်။

အလားတူ ကိစ္စရပ်မျိုး အမေရိကန်မှာ ၁၉၇၉ ခုနှစ်တုန်းက တစ်ခါဖြစ်ခဲ့ဖူးပါတယ်။ အီရန်နိုင်ငံရဲ့ နန်းကျ ရှားဘုရင် ကို အမေရိကန်မှာ လာရောက်ဆေးကုသခွင့် သမ္မတဂျင်မီကာတာက ပေးခဲ့ဖူးပါတယ်။ ဒါကို အီရန်နိုင်ငံက မကျေနပ်တဲ့ အတွက် အမေရိကန်သံရုံးကို စီးနင်းပြီး အမေရိကန်နိုင်ငံသား ၅၂ ယောက်ကို ၄၄၄ ရက်ကြာအောင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

Source: allgov.com

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။