Sunday, February 19, 2012

ဆီးရီးယားတွင် အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားဆဲ


ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်တွင် အသုဘပို့သည့် အခမ်းအနားလူအုပ်ကို ဆီးရီးယားစစ်တပ်မှ ပစ်ခတ်ခဲ့ သဖြင့် အနည်းဆုံးတစ်ဦးသေဆုံးခဲ့ပြီး ဆီးရီးယားနိုင်ငံရေးလှုပ်ရှားတက်ကြွသူများက `အာဏာဖီဆန်ရေးနေ့´ အဖြစ် လှုံ့ဆော်ခဲ့ကြသည်။ အသုဘပို့သည့် အခမ်းအနားလူစုလူဝေးသည် သမ္မတအာဆက်ဆန့်ကျင်ဆန္ဒပြမှုအဖြစ်ပြောင်း လဲသွားခဲ့ပြီး ဆန္ဒပြခဲ့ကြသည်။

ယမန်နေ့က ဒမတ်စက်မြို့တော်ရှိ မက်ဇားခရိုင်တွင် ဆန္ဒပြသူလူထုကို စစ်တပ်ကပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ဆယ်ကျော်သက်နှစ်ဦးအပါအ၀င် သေဆုံးခဲ့ရသည့် လူလေးဦးအား အသုဘပို့ဆောင်သည့် အခမ်းအနားကို နှင်းများ ကျနေသည့်ကြားက စနေနေ့က လူဦးရေ ၁၅,၀၀၀ ခန့်လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ယင်းအသုဘပို့ အခမ်းအနားကို ဆီးရီးယားစစ်တပ်က မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်း ကြောင့် အကြီးမားဆုံးဆန္ဒပြပွဲကြီးအဖြစ်ပြောင်းလဲသွားခဲ့ရသည်။

ဒမတ်စကတ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ မိုဟာမက်ရှာမီက `ဒမတ်စကတ်မြို့လည်ခေါင်မှာ ဒီလောက်လူအင်အားကြီးကြီးနဲ့ ဆန္ဒပြကြတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။´ ဟု ဆိုသည်။
စစ်တပ်မှ ပစ်ခတ်ခဲ့ခြင်းကြောင့် လူအတော်များများ ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းတွင် လူနေအိမ်များကိုလည်း ရှာဖွေစီးနင်းဖမ်းဆီးမှုများရှိခဲ့ကြောင်း ပြောသည်။

တိုင်းပြည်တွင်း အခြားနေရာများတွင်လည်း သေဆုံးမှုများဖြစ်ပွားခဲ့ရာ ၁၂ ယောက်ခန့်သေဆုံးခဲ့ရကြောင်း တက်ကြွလှုပ်ရှားသူများကွန်ယက်ဖြစ်သော ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကော်မီတီ (LCC) ကပြောသည်။

ဆီးရီးယားအနောက်မြောက်ဘက်တွင် တနင်္ဂနွေနေ့က အကြီးတန်းအစိုးရရှေ့နေတစ်ဦးနှင့် တရားသူကြီးတစ်ဦးကို သေနတ်သမားများက သတ်ဖြတ်ပစ်လိုက်ကြောင်း နိုင်ငံပိုင် ဆာနားသတင်းက ကြေငြာခဲ့သည်။
အစ်စလစ်ပြည်နယ် ရှေ့နေနီဒယ်ဂါဇယ်နှင့် တရားသူကြီး မိုဟာမက် ဇီယာဒါတို့စီးနင်းလိုက်ပါလာသော ကားကို သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒရိုင်ဘာဖြစ်သူပါသေဆုံးသွားခဲ့ကြောင်း သိရသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။