Saturday, February 11, 2012

စီအိုင်အေ ၀က်ဘ်ဆိုဒ် တိုက်ခိုက်ခံရ


အမေရိကန်ပြည်ထောင်စု ဗဟိုထောက်လှမ်းရေးဌာန (CIA) ၀က်ဘ်ဆိုဒ်ကို အမည်ဖျောက်ဟက်ကာများက သူတို့ တိုက်ခိုက်ဖြုတ်ချလိုက်ကြောင်း ကြေငြာလိုက်သည်။

သောကြာနေ့ ညနေပိုင်းက CIA ၀က်ဘ်ဆိုက်ဒ် နာရီပေါင်းများစွာ ပျက်စီးနေခဲ့ပြီး `အမည်မသိ´ ဆိုသော ဟက်ကာ တစ်စုက သူတို့လက်ချက်ဖြစ်ကြောင်း တွစ်တာတွင် ပြောဆိုခဲ့သည်။
၎င်းတို့အုပ်စု အသုံးပြုသော တွစ်တာအကောင့် @YourAnonNews တွင် `CIA Tango down´ ဟု ရေးသား ဖေါ်ပြထားခဲ့သည်။
`Tango down´ ဟူသော စကားစုမှာ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးပြုလုပ်သော အခါရန်သူ ကို သတ်ဖြတ်နှိမ်နင်းလိုက်လျှင် ပြောကြားသော စကားဝှက်တစ်ခုဖြစ်ပြီး `ရန်သူ ကျသွားပြီ´ ဟု အဓိပ္ပါယ်ရသည်။

တွစ်တာတွင် ၎င်းတို့ရေးသားအကြောင်းကြားသော ကာလတွင် cia.gov လိပ်စာရှိ CIA ၀က်ဘ်ဆိုဒ် ပျက်စီးနေပြီး ထောက်လှမ်းရေးက စုံစမ်းနေကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
`၀က်ဘ်ဆိုဒ် ပျက်စီးနေတာကို သိရှိပါတယ်။ ဖြေရှင်းနေပါတယ်။´ ဟု ဆိုသည်။

လွန်ခဲ့သောလအတွင်းကလည်း အမေရိကန်တရားရေးဌာနနှင့် ဖက်ဒရယ်ဗျူရိုထောက်လှမ်းရေး ၀က်ဘ်ဆိုဒ်များကို DDos စံနစ်ဖြင့် တိုက်ခိုက်ခဲ့သည်။

ယခု စီအိုင်အေ ၀က်ဘ်ဆိုဒ်ကို မည်သည့်အကြောင်းပြချက်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကိုမူ `အမည်မသိ´ အဖွဲ့က ပြောဆိုခြင်းမရှိပေ။ သို့သော် မဂ္ဂါအပ်လုပ်ဒ် ၀က်ဘ်ဆိုဒ်အား ပိတ်ပစ်လိုက်ခြင်းကို လက်စားချေသည့် အနေနှင့် အမေရိကန် အစိုးရ၀က်ဘ်ဆိုဒ်များကို တိုက်ခိုက်ခြင်းဖြစ်သည်။

အမည်မသိတိုက်ခိုက်မှုများတွင် အများအားဖြင့် တိုက်ခိုက်လိုသည့်ဝက်ဘ်ဆိုဒ်ကို တစ်ပြိုင်တည်းတွင် ကြည့်ရှုသူဦးရေ အလွန်အကျွံ အများအပြား ဖြစ်စေကာ လက်ခံဆာဗာ၏ လက်ခံနိုင်စွမ်းအားကို အဆမတန်လေးလံစေပြီး ရပ်ဆိုင်းသွားအောင် တိုက်ခိုက်သော DDos စံနစ်ကို အသုံးပြုကြသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။