Friday, February 24, 2012

အမေရိကန်တပ်သား ဘရက်ဒလေမန်းနင်းအား စစ်ခုံရုံးတွင် စတင်စစ်ဆေး


ဝီကီလိခ်အား အမေရိကန်အစိုးရထိပ်တန်းလျှို့ဝှက်ချက်များ ပေးအပ်ခဲ့သော အမေရိကန်တပ်သား ဘရက်ဒလေ မန်းနင်းအား နိုင်ငံတော်ကိုပုန်ကန်ပြီး ရန်သူအားပေးမှုဖြင့် စစ်ခုံရုံးတွင် စွဲချက်တင်ထားပြီး အမှုထင်ရှားပါက ထောင်ဒဏ်တစ်သက်ကျခံရနိုင်သည်။

မန်းနင်း အသက် ၂၄ နှစ်သည် စစ်တပ်တွင် ထောက်လှမ်းရေးအကဲဖြတ်အဖြစ်ဆောင်ရွက်ခဲ့ပြီး အင်္ဂါနေ့က သူ့ကို အမှုပေါင်း၂၂ ခုဖြင့် စွဲဆိုလိုက်သည်။ ယင်းတို့အထဲမှ အကြီးဆုံးအမှုမှာ ရန်သူကို အားပေးမှုဖြစ်သည်။ အခြားအမှု များဖြင့် ပေါင်းလိုက်လျှင် ထောင်တွင်း၌ စုစုပေါင်း နှစ်ပေါင်း ၁၅၀ ခန့် နေထိုင်ရဖွယ်ရှိသည်။

မန်းနင်းသည် အမေရိကန်စစ်ဝတ်စုံအပြည့်အစုံဝတ်ဆင်ထားပြီး သူ့ရှေ့နေ၏ ဘေးတွင်ထိုင်ကာ တရားသူကြီးက သူ့အားစွဲဆိုထားသည့် အမှုများကို နားလည်ပါသည်လားဟု စစ်ခုံရုံးတရားသူကြီး ဒန်းနစ်လင်းက မေးမြန်းသော မေးခွန်းကိုသာ `ဟုတ်ကဲ့။ နားလည်ပါတယ် တရားသူကြီးမင်းခင်ဗျား။´ ဟု တစ်ခွန်းတည်းသာပြန်လည်ဖြေဆိုခဲ့ပြီး တရားခွင်ကြာချိန် ၄၅ မိနစ်လုံးလုံး ငြိမ်သက်နေခဲ့လေသည်။

စစ်ခုံရုံးတရားသူကြီးတစ်ဦးတည်းဖြင့် အဆုံးအဖြတ်ခံယူမည်လား၊ သို့မဟုတ် စစ်ခုံရုံးဂျူရီအဖွဲ့ရှေ့မှောက်တွင် အဆုံး အဖြတ်ခံယူမည်လားဟု မေးမြန်းမှုကိုလည်း ဖြေဆိုခြင်းမပြုခဲ့ပေ။

၂၀၀၉ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၀ မေလအတွင်း အီရတ်၌ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က အာဖဂန်နှင့် အီရတ်တို့ မှ အမေရိကန်စစ်ဘက်လျှို့ဝှက်မှတ်တမ်းများနှင့် ကမ္ဘာအရပ်ရပ်ရှိ အမေရိကန်သံတမန်ဆိုင်ရာ လျှို့ဝှက်မှတ်တမ်း များကိုဝီကီလိခ်သို့ပေးအပ်ခဲ့သည့် အမှုဖြင့် သူ့ကို တရားစွဲဆိုထားခြင်းဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။