Saturday, February 4, 2012

အီရန်ကို အစ္စရေးလ်က တိုက်ခိုက်လျှင် ပြန်လည်တိုက်ခိုက်ခြင်းမပြုရန် အမေရိကန်ပြော

အမေရိကန် ရေတပ်သင်္ဘောများတည်နေရာပြမြေပုံ (http://www.stratfor.com)


အီရန်က ရေလက်ကြားအတွင်းဘယ်လေယာဉ်တင်သင်္ဘောမှဖြတ်သန်းသွားလာမှုမပြုရဘူးလို့ ခြိမ်းခြောက်ပြော ဆိုထားပြီး ရေလက်ကြားကိစ္စတင်းမာနေပေမယ့်လည်း အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဗရာဟမ်လင်ကွန်းက ဟော်မျုဇ်ရေလက်ကြားမှာ ဆက်လက်တည်ရှိနေပါတယ်။ ဒါ့အပြင် အစ္စရေးလ်ကတိုက် ခိုက်လာလျင်အီရန်က ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းမပြုရဘူး၊ အကယ်၍ ပြောသည့်အတိုင်းမနာခံဘဲ တုံ့ပြန်ခဲ့ရင် တော့ အစ္စရေးလ်ထိုးစစ်မှာ အမေရိကန်ဝင်ပါရလိမ့်မယ်လို့ ၀ါရှင်တန်က ပြောလိုက်ပါတယ်။

ယူအက်စ်အက်စ်အေဗရာဟမ်လင်ကွန်းသင်္ဘောက ဟော်မျုဇ်ရေလက်ကြား အတွင်းမှာ နှစ်ပတ်ကြာတည်ရှိနေဆဲ ဖြစ်ပြီး ယူအက်စ်အက်စ်ကားလ်ဗင်ဆင်သင်္ဘောလည်း ဆက်လက်၍နေမြဲတိုင်းနေနေတယ်လို့ သိရပါတယ်။ တကယ်လို့ အစ္စရေးလ်က အီရန်ကိုထိုးစစ်ဆင်ခဲ့ရင် အမေရိကန်ရေတပ်က အမြန်ဆုံးပူးပေါင်းဖို့ မဟာဗျူဟာအရ အကောင်းဆုံးနေရာတွေဖြစ်လို့ ရေတပ်မမှူးတွေ အကြိုက်တွေ့တဲ့ နေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးလ်က အီရန်ကို ဧပြီလ၊ ဒါမှမဟုတ် မေလနဲ့ ဇွန်လ တစ်ခုခုမှာတိုက်ခိုက်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ပြောတဲ့အကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာမှာ ဖေါ်ပြထား ပါတယ်။ ဆက်လက်ပြီးတော့ သတင်းစာက အမေရိကန်-အစ္စရေးလ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို မေလမှာ ပြုလုပ် ဖို့စီစဉ်ထားတာကို အစ္စရေးလ်ဘက် ရွှေ့ဆိုင်းလိုက်တယ်လို့ ဆိုလိုချင်တာ ဖြစ်ပုံရကြောင်းလည်း သုံးသပ်ထားပါ တယ်။

အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အစ္စရေးလ်က ၀င်ရောက်တိုက်ခိုက်တော့မယ့် အပေါ်အမေရိကဘက်ကလည်း အကောင်းဆုံးပံ့ပိုးနိုင်အောင် သူ့ရဲ့ရေတပ်တွေကို စံနစ်တကျပြင်ဆင်နေပုံရပါတယ်။ အစ္စရေးလ် တဲလ်အဗစ်အစိုးရ က အီရန်ကို တိုက်မယ်ဆိုရင် အမေရိကန်က အဆင်သင့်ရှိတယ်ဆိုတဲ့ အကြောင်း ၀ါရှင်တန်ပို့က အတိအလင်း ရေးသားခဲ့ပါတယ်။ အမေရိကန်က ကိုယ်တိုင်စတင်တိုက်ခိုက်ဖို့မရှိဘဲ အီရန်က အမေရိကန်အကျိုးစီးပွားတွေကို စတင်တိုက်ခိုက်လာရင်ဖြစ်စေ၊ အစ္စရေးလ်နိုင်ငံကို တိုက်ခိုက်လာရင်ဖြစ်စေ ၀င်တိုက်မယ်လို့ ပြောပါတယ်။

နောက်တစ်မျိုးပြောရရင်တော့ ဘယ်လိုပဲဖြစ်စေ အီရန်က အစ္စရေးလ်ကိုတုံ့ပြန်မယ်ဆိုရင် အမေရိကန်က မလွှဲသာ မရှောင်သာဝင်ရောက်တိုက်ခိုက်ရပါတော့မယ်လို့ ဖြစ်ပါတယ်။ ပြီးရင်တော့ အိုဘားမား အစိုးရက `ကိုယ့်ကိုယ်ကိုယ် ကာကွယ်တိုက်ခိုက်တာပါ´ လို့ အမေရိကန်ပြည်သူတွေကို ပြောပါလိမ့်မယ်။ ဒါပေမယ့် အရင်ကအဲဒီလိုပဲ တိုက်ခဲ့တဲ့ စစ်ပွဲတွေကို ကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ စစ်ပွဲတွေ မဟုတ်ဘူးခဲ့ဘူး၊ အလိမ်အညာတွေပဲဆိုတာ တွေ့ရပါလိမ့်မယ်။
`အမေရိကန်က အီရန်ကို အစ္စရေးလ်လုပ်သမျှ သူတော်စင်တစ်ပါးလို ငြိမ်ခံနေရမယ်လို့ ဘယ်လိုအကြောင်း ပြချက်မျိုးနဲ့ ပြောလိုက်သလဲဆိုတာ ကျွန်တော်စဉ်းစားလို့ကို မရဘူး။ အီရန်ကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူး။ အဲဒီ အခါ အမေရိကန်က စစ်တိုက်တော့မယ်။ အီရန်စစ်ပွဲမှာ ပါမယ်လို့ အမေရိကန် ဒီလိုပြောလိုက်တာဟာ အစ္စရေးလ် ဘက်က သိပ်ကိုဝမ်းသာနေမှာပေါ့။´ လို့ ရစ်ချက်ဆေးလ်ဗားစတိန်းက ပြောပါတယ်။

အစ္စရေးလ် နဲ့ အမေရိကန်တို့က ၂၀၀၇ ခုနှစ်တုန်းက ဆီးရီးယား နျူကလီးယားဓါတ်ပေါင်းဖိုတွေကို တိုက်ခိုက်ခဲ့တဲ့ `သစ်ခွစစ်ဆင်ရေး´ ပုံစံမျိုး ပြန်လုပ်ဖို့ကြိုးစားနေတာပါ။ အဲဒီတုန်းက အာဆက်အစိုးရက ပြန်လည်တုံ့ပြန်တိုက်ခိုက် ခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် အီရန်နဲ့တော့ မရနိုင်ဘူး။ အီရန်က ဒေသတွင်းမှာ အစ္စရေးလ်ပြီးရင် ဒုတိယလေတပ် အင်အားအကြီးဆုံးနိုင်ငံဖြစ်တယ်။ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေလည်း ဆီးရီးယားထက် အဆပေါင်း များစွာသာလွန်တယ်။

အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အင်တာပရိုက်စ်ကို အတ္တလန္တိတ်မှာ လေ့ကျင့်မှုတွေပြီးရင် နောက်ထပ် အပြင်းစားလက်နက်တွေတပ်ဆင်မယ်။ ပြင်သစ်နဲ့ အင်္ဂလိပ် စစ်သင်္ဘောတွေကလည်း ပံ့ပိုးမှုတွေပေးနိုင် အောင် နေရာတွေ အဆင်သင့်ကြိုယူထားကြတယ်။

ဒါ့အပြင် အမေရိကန် နျူကလီးယားရေငုတ်သင်္ဘော ယူအက်စ်အက်စ်အန္နာပိုလစ်နဲ့ ဖျက်သင်္ဘော ယူအက်စ်အက်စ် မမ်ဆန်တို့လည်း ပါရှန်းပင်လယ်ကွေ့ကို ဦးတည်ပြီးသွားနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတယ်။

အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းသွားလာခွင့်မပြုရတော့ဘူးလို့ အီရန်က အတိအလင်းထုတ်ဖေါ်ပြောဆိုထား ပေမယ့် လင်ကွန်းနဲ့ ဗင်ဆန်သင်္ဘောတွေကတော့ လွန်ခဲ့တဲ့ အပတ်တွေကတည်းက ရေလက်ကြားမှာ သွားလာ လှုပ်ရှားနေခဲ့ပါတယ်။ ကမ္ဘာ့ရေနံစီးဆင်းရာ ရေလက်ကြားကို အီရန်က ပိတ်ဆို့ပစ်မယ်လို့ ခြိမ်းခြောက်ထားပြီး အမေရိကန်က အဲဒီနေရာကို `အနီရောင်မျဉ်း´ အဖြစ်သတ်မှတ်လိုက်ပါပြီ။

အမေရိကန်ကတော့ ဆယ်စုနှစ်အတွင်း အကြီးဆုံးရေတပ်စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။ ဗာဂျီးနီးယား ကမ်းလွန်နဲ့ မြောက်ကာရိုလိုင်းနား ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရေတပ်နဲ့ မရင်းတပ် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုဖြစ်တဲ့ `မိချောင်းရိုင်းကြီး´ လို့ အမည်ရတဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေပါတယ်။ အီရန်ပြဿနာနဲ့ ပတ် သက်ပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေဖြစ်ကြောင်း ထင်ရှားနေပေမယ့် သက်ဆိုင်ရာကတော့ ငြင်းဆိုထားပါတယ်။

မတ်လလောက်မှာ အမေရိကန်က အရေးပေါ် တပ်အင်အား ၅၀,၀၀၀ နဲ့ နောက်ထပ်အရံအင်အား ၅၀,၀၀၀ လောက် ဟော်မျုဇ်ရေလက်ကြား တောင်ဘက်ထွက်ပေါက်မှာရှိတဲ့ ဗျူဟာမြောက် ကျွန်းနှစ်ကျွန်းပေါ်မှာ အမေရိကန်က အဆင်သင့်ဖြစ်နေပြီလို့ အစ္စရေးလ် ထောက်လှမ်းရေး Debka File မှာဖေါ်ပြထားချက်အရ သိရှိရ ပါတယ်။ ဒါ့အပြင် အင်အား ၁၅,၀၀၀ ကူဝိတ်မှာရှိနေမှာဖြစ်ပါတယ်။

နောက်လမှာ တီဟီရန်ကလည်း နောက်ထပ် ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေ ဟော်မျုဇ်ရေလက်ကြားမှာ လုပ်ပါ ဦးမယ်။ ဟော်မျုဇ်ရေလက်ကြားမှာ လိုအပ်တဲ့ ၅၅ ကီလိုမီတာကို ပိတ်ဆို့ဖို့ ရေမြုပ်မိုင်း အလုံး ၁,၀၀၀ လောက် အီရန်က လိုမှာဖြစ်ပြီး တော်လှန်ရေးအစောင့်တပ်လို့ ခေါ်တဲ့ အီရန်တပ်မတော်က အလုံး ၂,၀၀၀ လောက် လိုလို မယ်မယ်စုဆောင်းထားပြီးပါပြီ။

ပေါလ်ဂျိုးဇက် ၀က်ဆန် (အင်ဖိုဝါး အယ်ဒီတာ)

Source: Infowars.com

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။