Wednesday, March 14, 2012

ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောတိမ်းမှောက်


ဘင်္ဂလားဒေ့ရှ် မြို့တော် တောင်ပိုင်းတွင် ခရီးသည်တင်ကူးတို့သင်္ဘောက ၀မ်းပြားရေယာဉ်တစ်စင်းကို ၀င်ရောက် တိုက်မိခြင်းကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ဆိုသည်။

မြို့တော်ဒါကာအရှေ့တောင်ပိုင်း မဂ္ဂနာမြစ်အတွင်း ရှာရီရာပါး ၁ ဟု အမည်ပေးထားသော နှစ်ထပ်ခရီးသည်တင် ကူးတို့သင်္ဘောက အခြားသင်္ဘောတစ်စင်းကို ၀င်ရောက်တိုက်မိခြင်းဖြစ်ကြောင်း ဒေသခံရဲအရာရှိတစ်ဦးဖြစ်သူ ရှာဟီဒယ်လ်အစ္စလာမ်က အေအက်ဖ်ပီသတင်းဌာနသို့ပြောပြခဲ့သည်။

`ခရီးသည် ၃၅ ယောက်ကို အခြားသင်္ဘောတစ်စင်းက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရီးသည် နောက်ထပ် ၁၅၀ လောက် ပျောက်ဆုံးနေပါသေးတယ်။´ ဟု ဆို၏။ သင်္ဘောပေါ်တွင် ခရီးသည် ၂၀၀ ခန့်တင်ဆောင် လာကြောင်း၊ အရေအတွက် အတိအကျကိုမူ မသိကြောင်း ဆိုသည်။

နစ်မြုပ်နေသော သင်္ဘောအတွင်းမှ ရုပ်အလောင်း ၃၀ ကျော် ရေငုပ်သမားများက ဆယ်ယူရရှိခဲ့ပြီးဖြစ်ကြောင်း နောက်ထပ်ဒေသခံရဲတစ်ဦးဖြစ်သော မိုဟာမက်ရှာဟာဘူဒင်က ပြောသည်။

`သင်္ဘောထဲမှာ ပိတ်မိပြီးသေဆုံးနေတဲ့လူတွေ နောက်ထပ်ရှိဦးမှာဖြစ်တဲ့ အတွက် သေဆုံးသူအရေအတွက် ထပ်မံတိုးပွားလာနိုင်ပါတယ်။ သင်္ဘောကိုရေထဲကနေဆယ်ယူပြီးတဲ့နောက်မှာတော့ သေဆုံးသူအရေအတွက်ကို အတိအကျကျွန်တော်တို့ ပြောနိုင်ပါလိမ့်မယ်။´
အခင်းဖြစ်ပွားရာနေရာသို့ သင်္ဘောပေါ်လိုက်ပါသွားသူများ၏ ဆွေမျိုးမိတ်သင်္ဂဟများ ရောက်ရှိလာခဲ့ကြကြောင်း အယ်ဂျာဇီယာသတင်းထောက် နစ်ကိုလပ်စ်ဟာကီက သတင်းပေးပို့ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။