Wednesday, March 21, 2012

အင်္ဂလန်တွင် အတိုးစား ငွေချေးလုပ်ငန်းများ တိုးပွားလာ (ဗွီဒီယိုသတင်း)

ငွေချေးလုပ်ငန်းကြေငြာတစ်ခု



`တောမီးလောင်တောကြောင် လက်ခမောင်းခတ်´ `လူနာမျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ´ ဆိုတဲ့ စကားပုံတွေ အတိုင်းပဲ စီးပွားကျကာလအတွင်း စီးပွားဖြစ်နေတဲ့ အင်္ဂလန်က ခေတ်ပျက်သူဌေးတွေအကြောင်း အယ်ဂျာဇီယာ သတင်းဌာနက တင်ပြထားပါတယ်။
`ရေတိုပြဿနာဖြေရှင်းရေး´ လို့ ပြောပြီး ငွေရှင်တွေက အခြေခံဆင်းရဲသားတွေကို တရားဝင် ငွေတိုးချေးစားနေတဲ့ အသေးစား ငွေချေး (Payday Loan) လုပ်ငန်းရှင်တွေရဲ့ဒဏ်ကို အခုကာလစီးပွားကျဆင်းနေတဲ့ ဗြိတိန်နိုင်ငံသားတွေ အတော်ခံနေရ ပါတယ်။ အကြွေးနွံထဲနစ်သထက်နစ်နေတဲ့လူတွေ ပိုပိုများလာနေပါတယ်။
အချို့ကလည်း ဒီကိစ္စကို စည်းရုံးလှုပ်ရှားမှု (ကမ်ပိန်း) တွေလုပ်ပြီးဆန့်ကျင်ကန့်ကွက်နေကြပါတယ်။ ကမ်းပိန်းလုပ် သူတွေက ဒီငွေတိုးချေးစားသူတွေဟာ ဆင်းရဲသားတွေကို အဓိကပစ်မှတ်ထားပြီးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လာမယ့် လမှာ ငွေတိုးပြန်ဆပ်ရမယ့် သူတွေ အင်္ဂလန်မှာ လေးသန်း ရှိပြီလို့ ဆိုပါတယ်။ အယ်ဂျာဇီယာသတင်း ထောက် လောရင့်လီ သတင်းပေးပို့ခဲ့ရာမှာ ငွေတိုးချေးတဲ့သူတွေဆီမှာ ပိုက်ဆံသွားချေးရင် ဘာအကြွေးဝယ်ကဒ်မှ ပြစရာမလိုသလို၊ ဘာမေးခွန်းမှလည်း မမေးပါဘူး။ ဒါပေမယ့် လ၀က်၊ ဒါမှမဟုတ် လကုန် နှစ်ပတ်တစ်ခါ အကြွေးပြန်ဆပ်ရမယ့်နေ့ရောက်ရင်တော့ သတ်မှတ်ထားတဲ့ အတိုးနှုန်းအတိုင်း အနည်းဆုံး ၁၅% ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မဆပ်နိုင်ရင် အတိုးပေါ်အတိုးဆင့်၊ ဒါမှမဟုတ် အတိုးမဆင့်ရင်တောင် ဆတိုးတွေတက်ပြီး နစ်သထက် နစ်သွားမှာ ဖြစ်ပါတယ်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။