Monday, March 19, 2012

လစ်ဗျားတွင် ဖမ်းဆီးထားသော ဗြိတိန်သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်


အီရန်သတင်းဌာနတစ်ခုအတွက် အလုပ်လုပ်ပေးနေသော ဗြိတိန်နိုင်ငံသားသတင်းထောက်နှစ်ဦးကို လွန်ခဲ့သောလ က သူလျှိုမှုဖြင့် လစ်ဗျားနိုင်ငံတွင် ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း လစ်ဗျားပြည်ထဲရေး ၀န်ကြီးဌာနက ပြောသည်။
`သူတို့မှာ အပြစ်မရှိကြောင်း ထင်ရှားတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက လွှတ်ပေးလိုက်တာပါ။´ ဟု လက်ထောက်ပြည်ထဲရေးဝန်ကြီး အိုမာအယ်-ခါဒရာဝီက တနင်္ဂနွေနေ့က ထရီပိုလီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
`သူတို့လစ်ဗျားကနေပြန်လည်ထွက်ခွါတော့မှာပါ။´

သတင်းစာရှင်းလင်းပွဲတွင် လစ်ဗျားတာဝန်ရှိသူများနှင့် အတူ သတင်းထောက်နှစ်ဦးလည်း ရှိနေပြီး ပင်ပန်းနွမ်းနယ် နေပုံရသော်လည်း ကျန်းကျန်းမာမာရှိနေသည်။ ထို့နောက် ဗြိတိန်သံရုံးကားဖြင့် ၀န်ကြီးရုံးမှ ပြန်လည်ထွက်ခွါသွား သည်။

သတင်းထောက်နှစ်ဦးမှာ နီကိုလပ်ဒေးဗစ်နှင့် ဂါ့သ်မောင့်ဂိုမာရီ ဂျွန်ဆင် တို့ဖြစ်ကြပြီး အီရန်အင်္ဂလိပ်ပိုင်း ရုပ်မြင်သံကြားသတင်းတွင် အလုပ်လုပ်လျက်ရှိသည်။ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဆွာလီပြည်သူ့စစ်တပ်ဖွဲ့က သူတို့ကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

ယခုလအစောပိုင်းက ဆွာလီပြည်သူ့စစ်အဖွဲ့က အဆိုပါ ဗြိတိန်နိုင်ငံသားနှစ်ဦးကို လစ်ဗျားနိုင်ငံတွင်းတရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးထားခဲ့ပြီး သူလျှိုအဖြစ်သံသယရှိခဲ့ကြောင်း ဆိုသည်။
တနင်္ဂနွေနေ့က လက်ထောက်ပြည်ထဲရေးဝန်ကြီးက ၎င်းတို့ကိုသံသယရှိသဖြင့်ဖမ်းဆီးခဲ့ခြင်းသာဖြစ်ကြောင်း၊ အပြစ် မရှိကြောင်း အထောက်အထားအခိုင်အမာတွေ့ရှိရသဖြင့် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
`လက်နက်ကိုင်တော်လှန်ရေးအုပ်စုတစ်စုက ပြန်ပေးဆွဲထားတယ်လို့ မထင်စေချင်ပါဘူး။´ ဟု ဆိုသည်။

သို့သော် သတင်းထောက်နှစ်ဦးကိုမူ သတင်းစာရှင်းလင်းပွဲတွင် တစ်စုံတစ်ရာပြောဆိုခွင့်မပြုပေ။
ကောင်းကောင်းမွန်မွန်ဆက်ဆံပါရဲ့လားဟူ၍ မေးမြန်းခဲ့ရာ မောင့်ဂိုမာရီက ခေါင်းသာညိတ်ပြခဲ့လေသည်။

ဗြိတိန်နိုင်ငံသားသတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာသည့်အတွက် ၀မ်းမြောက်ပါကြောင်း လန်ဒန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးတစ်ဦးက ဆိုသည်။

`လစ်ဗျားမှာရှိတဲ့ ဗြိတိန်သံရုံးက သူတို့ကိုစောင့်ရှောက်ထားပါတယ်။ မကြာခင်သူတို့တွေ မိသားစုနဲ့ ပြန်ဆုံရ ပါလိမ့်မယ်။´ ဟု ဆိုသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။