Wednesday, March 21, 2012

ဆီးရီးယားသူပုန်များ လူ့အခွင့်အရေးချိုးဖေါက်လျက်ရှိ


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့က ဆီးရီးယားသူပုန်အုပ်စုအားအစိုးရစစ်တပ်အဖွဲ့ဝင်များ၊ အစိုးရထောက်ခံ သူများအား ပြန်ပေးဆွဲမှု၊ ဖမ်းဆီးထားသူများအားနှိပ်စက် ညှဉ်းပမ်းမှု၊ သတ်ဖြတ်မှုတို့ဖြင့် လူ့အခွင့်အရေးချိုးဖေါက်မှု များကျူးလွန်လျက်ရှိကြောင်း စွပ်စွဲပြောဆိုလိုက်သည်။ ယင်းသို့ လူ့အခွင့်အရေးချိုးဖေါက်မှုများအား အတိုက်အခံ ခေါင်းဆောင်များမှ ရှုံ့ချပြောဆိုမှုပြုလုပ်ရန် အင်္ဂါနေ့က တိုက်တွန်းလိုက်သည်။
`အစိုးရရဲ့ ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွင်းမှုတွေကို အတိုက်အခံလက်နက်ကိုင်အုပ်စုတွေက ပြန်ပြီး လက်တုံ့ မပြန်သင့်ပါဘူး။ အတိုက်အခံခေါင်းဆောင်တွေက သူတို့နောက်လိုက်တွေကို နှိပ်စက်ညှဉ်းပမ်းသတ်ဖြတ်မှုတွေ မပြု လုပ်ဖို့ ပြောဆိုသင့်ပါတယ်။´ ဟု အရှေ့အလယ်ပိုင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဒါရိုက်တာ ဆာရာလီယာ ၀င်ဆင် ကပြောသည်။

အချို့သောတိုက်ခိုက်မှုများမှာ ရှီးအိုက်နှင့် အလာဝီတီ လူနည်းစုများကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း လူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။ ဆီးရီးယားသမ္မတအာဆက်သည် အလာဝီတီဖြစ်ပြီး စစ်တပ်နှင့် အစိုးရ ထိပ်တန်းနေရာများ တွင် အလာဝီတီများကို နေရာပေးထားသည်။

အစိုးရနှင့် စစ်တပ်တွင်းမှ နှုတ်ထွက်ပြီး အတိုက်အခံများနှင့် ပူးပေါင်းကာ အာဆက်အစိုးရကို ပုန်ကန်တိုက်ခိုက်နေ သော လက်နက်ကိုင် အတိုက်အခံများ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဖေါ်ပြထားသော ကြေငြာချက် အင်္ဂါနေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဆက်၏ အာဏာရှင်အစိုးရကို ဆန့်ကျင်ပုန်ကန်မှုများ တစ်နှစ်ကျော်သွားပြီဖြစ်ပြီး ပထမဦးစွာ ငြိမ်းချမ်းစွာဆန္ဒပြ ခဲ့ကြရာမှ အစိုးရ၏ ရက်စက်စွာနှိမ်နင်းတိုက်ခိုက်မှုများကြောင့် လက်နက်ကိုင် ပုန်ကန်သည့် အဖွဲ့အစည်းများ ပေါ် ပေါက်လာခဲ့လေသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။