Thursday, March 22, 2012

အီရတ်တွင် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွား


ယခုတစ်ပတ်အတွင်း အီရတ်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ အတွဲလိုက်ဖြစ်ပွားခဲ့ပြီး နိုင်ငံအနှံ့ ၄၆ ယောက် သေဆုံးခဲ့သည့်ဖြစ်ရပ်များတွင် အယ်ကေဒါအုပ်စုက သူတို့လက်ချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဘဂ္ဂဒက်တွင် အာရပ်အဖွဲ့ချုပ်ထိပ်သီး စည်းဝေးပွဲကျင်းပရန် အစီအစဉ်ရှိပြီး လုံခြုံရေးအားနည်းနေသေးသည့် အနေအထားဖြစ် သည်။

အစ္စလာမ္မစ်အီရတ်နိုင်ငံတော်ဟု အမည်ရှိသော အဖွဲ့က ဗုဒ္ဓဟူးနေ့က ၀က်ဘ်ဆိုဒ်ပေါ်တွင် `ဆွန်နီခြင်္သေ့များသည် အရူးအစိုးရ၏ ထိပ်သီးစည်းဝေးပွဲကို တိုက်ခိုက်မည်။´ ဟု ရေးသားထားသည်။

အင်္ဂါနေ့တိုက်ခိုက်မှုများတွင် ကာဘာလာဘာသာရေးမြို့တော်တွင် ရှီးအိုက်ဘုရားဖူးများအား တိုက်ခိုက်ခြင်း၊ ကာကွတ်မြို့ရဲစခန်းတစ်ခုအနီးတွင် ကားတစ်စီးကို မီးရှို့ခြင်း၊ ဘဂ္ဂဒက်တွင် လုံခြုံရေးတပ်သားများနှင့် အစိုးရအရာရှိ များကို တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။
စုစုပေါင်း မြို့ရှစ်မြို့ကို ခြောက်နာရီအတွင်း တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီး ၄၆ ဦးသေဆုံးကာ ၂၀၀ ခန့်ဒဏ်ရာရရှိ ခဲ့သည်။
`နာရီအနည်းငယ်အတွင်းမှာပဲ ရှီးအိုက်အစိုးရရဲ့ လုံခြုံရေးယန္တရားတွေ ပျက်စီးသွားပြီး လျှပ်တစ်ပြက်တိုက် ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ အစိုးရဌာနဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ ပစ်မှတ်တွေအများအပြား တိုက်ခိုက်ခံခဲ့ရပါတယ်။´ ဟု ရေးသားထားသည်။

အစိုးရကလည်း ထိပ်သီးစည်းဝေးပွဲပြုလုပ်ရန် ကြုံးဝါးလိုက်ပြီး ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည်လက်ခံကျင်းပခွင့်ရခြင်းဖြစ်ကာ နိုင်ငံတွင်း စစ်ပွဲများပြီးဆုံးပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်နေကြောင်း သက်သေပြရန်လိုအပ်လျက်ရှိသည်။

တိုက်ခိုက်မှုများမှာ လုံးဝမမျှော်လင့်ထားသည့် အခြေမျိုးလည်းမဟုတ်ပေ။ အစိုးရနှင့် လုံခြုံရေးတာဝန်ရှိသူများက ထိပ်သီးစည်းဝေးပွဲကျင်းပမည့်အချိန်မတိုင်မီ အယ်ကေဒါနှင့် ဆွန်နီများက တိုက်ခိုက်လာနိုင်ကြောင်း ကြိုတင်သတိ ပေးထားပြီးဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။