Tuesday, March 27, 2012

အမေရိကန်တွင် အီရတ်အမျိုးသမီးအသတ်ခံရ (ဗွီဒီယိုသတင်း)






အမေရိကန်နိုင်ငံတွင် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသော အီရတ်အမျိုးသမီးတစ်ဦး၏ အလောင်းကိုအီရတ်သို့ လေယာဉ် ဖြင့် ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ရှိုင်မာအလာဝါဒီသည် မိခင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဟူးနေ့က ဆန်ဒီယေဂိုမြို့ နေအိမ်တွင် ရိုက်နှက်သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့သည်။
သူမ၏ အလောင်းနံဘေးတွင် `အကြမ်းသမား၊ ကိုယ့်နိုင်ငံကိုယ်ပြန်သွား။´ ဟု ရေးသားထားသော စာတစ်စောင် တွေ့ရှိရပြီး လူမျိုးရေးမုန်းတီးမှုဖြင့် သတ်ဖြတ်ခြင်းဖြစ်၍ ကာလီဖိုးနီးယားရဲများက စုံစမ်းစစ်ဆေးလျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။