Thursday, March 29, 2012

မြောက်ကိုရီးယားသို့ပေးမည့် အကူအညီ အမေရိကန် ရပ်ဆိုင်း


မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခြင်းမပြုပါဟု ပေးထားသောကတိကိုချိုးဖေါက်ခဲ့ခြင်းကြောင့် အမေရိကန်ပြည် ထောင်စုက အကူအညီပေးရန်ကမ်းလှမ်းထားသော အစားအသောက်အကူအညီပေးရေးကိစ္စကို ရပ်ဆိုင်းထားလိုက် ကြောင်း အမေရိကန်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

နောက်လအတွင်းပစ်ခတ်စမ်းသပ်ရန် မြောက်ကိုရီးယားက အစီအစဉ်ချမှတ်ထားခြင်းသည် နိုင်ငံတကာမှ လိုက်နာ ဆောင်ရွက်နေသောကိစ္စကို လိုက်နာရန်ဆန္ဒမရှိခြင်းကြောင့် ဖြစ်ကြောင်း အာရှနှင့် ပစိဖိတ်ဆိုင်ရာကာကွယ်ရေး ယာယီလက်ထောက်အတွင်းရေးမှူး ပီတာလာဗွိုင်းက ဗုဒ္ဓဟူးနေ့က အမေရိကန်ဥပဒေပြုအမတ်များကို ပြောကြားခဲ့ သည်။
`ဒါကြောင့် အစာအာဟာရအကူအညီပေးရေးကိစ္စတွေကို ကျွန်တော်တို့ ရပ်ဆိုင်းထားပါတယ်။` ဟု ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအာဏာပိုင်များက ဧပြီလ ၁၂ နှင့် ၁၆ ရက်ကြားတွင် တာဝေးပစ်ဒုံးကျည်ဖြင့် ဂြိုလ်တုတစ်လုံးကို ပစ်လွှတ်မည်ဖြစ်ပြီး သိပ္ပံပညာနည်းပညာစမ်းသပ်မှုအတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် လာဗွိုင်းကဆက်လက်ပြောကြားရာတွင် မြောက်ကိုရီးယား၏ အပြုအမူကို မယုံကြည်ကြောင်း၊ အကူအညီ ပေးမည့် အစားအသောက်များမှာလည်း အစိုးရနှင့် ပတ်သက်အကျွမ်းဝင်သူများအတွက် မဟုတ်၊ အကူအညီလို အပ်နေသူများအတွက်သာဖြစ်ပြီး ၎င်းတို့ထံအမှန်တကယ်ရောက်မရောက် မသေချာကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သောလက မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်အချို့ရပ်ဆိုင်းထားရန်နှင့် တာဝေးပစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခြင်းမပြုရန်သဘောတူညီခဲ့ပြီး အပြန်အလှန်အားဖြင့် အမေရိကန်က အစားအသောက်အကူအညီ ပေးရန် ဖြစ်သည်။ ၎င်းအချက်များကို ချိုးဖေါက်ပါက အကူအညီများရပ်ဆိုင်းထားမည်ဟု အမေရိကန်က သတိပေး ပြောကြားခဲ့ပြီးဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။