Saturday, March 31, 2012

ပြင်သစ်တွင် အစ္စလာမ်အစွန်းရောက်များကို လိုက်လံဖမ်းဆီး






ပြင်သစ်နိုင်ငံ မြို့တော်အများအပြားတွင် သမ္မတဆာကိုဇီ၏ အမိန့်ဖြင့် `အစ္စလာမ်အစွန်းရောက်`နှိမ်နင်းရေးလှုပ်ရှား မှုအနေနှင့် လူ ၁၉ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။
လွန်ခဲ့သောရက်ပိုင်းအတွင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၇ ဦးသေဆုံးခဲ့သော တူလို့စ်မြို့တွင် သောကြာနေ့က ဖမ်းဆီးမှု များပြုလုပ်ခဲ့သည်။

ပြင်သစ်နိုင်ငံထောက်လှမ်းရေးအေဂျင်စီ (DCRI) နှင့် အထူးရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ တူလို့စ်၊ ပဲရစ်၊ နန်တက်စ်၊ လိုင်ယွန်၊ ပရိုဗင့် မြို့များတွင် နံနက်ပိုင်းဝင်ရောက်စီးနင်းဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

ဖမ်းဆီးထားသူ ၉ ဦးအနက် ၃ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။ ၁၇ ဦးကို မေးမြန်းစစ်ဆေးမှုများပြုလုပ် နေကြောင်း တရားရေးရပ်ကွက်မှ သိရှိရသည်။ အကြီးတန်းရဲအရာရှိတစ်ဦးက ၎င်းတို့ထံတွင် မွတ်စလင်အစွန်း ရောက်ဟု သံသယရှိထားသူ အယောက် ၁၀၀ ခန့်ရှိကြောင်း ပြောခဲ့ပြီး သမ္မတဆာကိုဇီကလည်း သောကြာနေ့ ဖမ်းဆီးမှုများသည် အစပိုင်းမျှသာရှိသေးသည်ဟု ဆိုသည်။

သမ္မတဆာကိုဇီအား ဥရောပရေဒီယို ၁ မှ မေးမြန်းခဲ့ရာတွင် ဖမ်းဆီးမှုများအကြောင်း အတည်ပြုခဲ့ပြီး လက်နက်များ လည်း ဖမ်းမိရကြောင်း ဆိုသည်။ အစွန်းရောက်အစ္စလာမ်များနှင့် ပတ်သက်ပြီးဖမ်းဆီးခြင်းဖြစ်ကြောင်း၊ နောက်ထပ် ဖမ်းဆီးမှုများလည်းရှိဦးမည်ဖြစ်ကြောင်း ဆိုသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။