Saturday, March 24, 2012

ထရေဗွန်မာတင်အမှု စုံစမ်းရန် အိုဘားမားပြော

ထရေဗွန်မာတင်


အမေရိကန် ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားခဲ့သော အသက် ၁၇ နှစ်ရှိ လက်နက်မဲ့လူမည်းအမျိုးသား ထရေဗွန်မာတာင်အား ရပ်ကွက်လုံခြုံရေးလုပ်အားပေးတာဝန်ယူထားသော ဂျော့ဇင်မာမန်က သေနတ်ဖြင့်ပစ်သတ် ခဲ့သော ကိစ္စသည် ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားလိုက်သည်။

သောကြာနေ့က ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက `ကျွန်တော့်မှာသာ သားရှိရင် ထရေဗွန်နဲ့ တူမှာပါပဲ။´ ဟု ပြောကြားခဲ့သည်။ ဖြစ်စဉ်၏ အဓိကအကြောင်းရင်းများကို လေ့လာစုံစမ်းရန်လိုအပ်ကြောင်း အိုဘားမားက ဆိုသည်။
`ဒီကလေးအကြောင်းကို စဉ်းစားမိတဲ့အခါမှာ ကျွန်တော့်ကလေးတစ်ယောက်လိုပဲ ခံစားရပါတယ်။´ ဟု ဆို၏။ ဖလော်ရီဒါပြည်နယ်အစိုးရနှင့် အမေရိကန်တရားရေးဝန်ကြီးဌာန နှစ်ခုစလုံး အမှုကိုလိုက်လံစုံစမ်းနေခြင်းအား အိုဘားမားက ကြိုဆိုကြောင်း ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။