Tuesday, March 27, 2012

အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း အသေခံဗုံးခွဲဝတ်အင်္ကျီများတွေ့ရှိ


အာဖဂန်သမ္မတနေအိမ်နှင့် ရုံးခန်းရှိရာ ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း၌ အသေခံဗုံးခွဲရာ၌အသုံးပြုသော ကိုယ်ကြပ်အင်္ကျီ ၁၁ ထည်တွေ့ရှိခဲ့ရသည်။

အယ်ဂျာဇီယာသတင်းထောက် ဂျိမ်းစ်ဘေး မြို့တော်ကဘူးလ်မှ သတင်းပေးပို့ခဲ့ရာ အာဏာပိုင်များက ယင်းသတင်း ကို တရားဝင်ထုတ်ဖေါ်ခြင်းမရှိသေးသော်လည်း ဖမ်းဆီးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
`အယ်ဂျာဇီယာသတင်းဌာနကို အဆင့်မြင့်စုံစမ်းထောက်လှမ်းရေးအရာရှိတစ်ဦးက ပြောပြခဲ့တာဖြစ်ပါတယ်။ ဖေါက်ခွဲရေးပစ္စည်းတွေတပ်ဆင်ထားတဲ့ အသေခံဗုံးခွဲဝတ်ကိုယ်ကြပ်အင်္ကျီ ၁၁ ထည်ကို မြို့တော်ကဘူးလ်မှာ လုံခြုံရေးအတင်းကြပ်ဆုံးနဲ့ အလုံခြုံဆုံးဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၀င်းအတွင်းတွေ့ရှိခဲ့ပါတယ်။ ´
ဝင်းအတွင်းနှင့် ၀င်းပတ်ဝန်းကျင်ရှိ အခြားလူများကိုလည်း ရှာဖွေမှုများပြုလုပ်နေကြောင်း သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ လုံခြုံရေးအကြီးအကျယ်ကျိုးပေါက်ခြင်းကြောင့် ယခုလိုဖြစ်ရကြောင်း ဆိုသည်။

`ဒီနေရာက အပြင်လူတွေဝင်ထွက်သွားလာလို့မရတဲ့ လုံခြုံရေးအင်မတန်တင်းကြပ်တဲ့နေရာတစ်ခုဖြစ်ပါ တယ်။ အဲဒီဝင်းအတွင်းမှာပဲ သမ္မတဟာမစ်ခါဇိုင်းရဲ့နေအိမ်နဲ့ ရုံးခန်းလည်းတည်ရှိပါတယ်။´ ဟု ဆိုသည်။

နောက်လာမည့် ၂ နှစ်အတွင်း အာဖဂန်မှ အမေရိကန်တပ်များ ပြန်လည်ထွက်ခွါတော့မည်ဖြစ်ပြီး တိုက်ခိုက်မှုများ လည်း တိုးပွားလာနေလေသည်။

`တကယ်ကိုအရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အာဖဂန်ကို ပြန်လည်လွှဲပြောင်းပေးအပ်ပြီးနောက်နှစ်မှာ နိုင်ငံတကာတပ် တွေ ပြန်လည်ဆုတ်ခွါဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ အများစုကတော့ ၂၀၁၄ မှာ အကုန်ပြန်ထွက် သွားကြတော့မှာပါ။´ ဟု ဂျိမ်းစ်ဘေးက ပြော၏။

ယခုအခါတွင် လွှဲ့ပြောင်းပေးရေးအတွက် စကားပြောဆိုနေလျက်ရှိပြီး လုံခြုံရေးစိတ်မချရသေးသော အခြေအနေ ပေါ်တွင် စစ်တပ်မှ စိုးရိမ်ပူပန်လျက်ရှိသည်။

ကာကွယ်ရေးကော်မီတီဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ရှက်ရီယာဘရက်ဇိုင်းက အဆင့်မြင့်လုံခြုံရေးကျိုးပေါက်မှုတစ်ခု ဖြစ်ကြောင်း ဆိုသည်။
`၀န်ကြီးဌာနတွေအတွင်းမှာ ဒီလိုမျိုးခဏခဏဖြစ်နေတဲ့အတွက် ရာထူးကြီးပုဂ္ဂိုလ်ကြီးတွေ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေပါလိမ့်မယ်။´
`အစိုးရအတွင်းပိုင်းနဲ့ အချိတ်အဆက်ရှိတဲ့လူတွေဖြစ်ပါလိမ့်မယ်။ သမ္မတရုံးဝင်းအတွင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ၊ အခြားဝန်ကြီးဌာနအတွင်းပိုင်းတွေမှာ ၀င်ထွက်သွားလာနိုင်တဲ့ သူတွေပဲ ဖြစ်မှာပါ။ ´
Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။