Sunday, March 4, 2012

ပိုလန်တွင် ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်မိ


ပိုလန်တောင်ပိုင်းတွင် ခရီးသည်တင်ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်ခိုက်မိကြရာ အနည်းဆုံး ၁၄ ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရရှိခဲ့သည်။
စနေနေ့ညနေပိုင်းက ရှဇက်ကိုစင်နီမြို့အနီး ၀ါဆော - ကရာကော လမ်းတွင် တိုက်ခိုက်မိခြင်းဖြစ်ကြောင်း ပိုလန် ရုပ်မြင်သံကြားက ကြေငြာခဲ့သည်။ ဒေသစံတော်ချိန် ည ၉ နာရီခန့်တွင် စုစုပေါင်း ခရီးသည် ၃၅၀ တင်ဆောင်လာ သောရထားနှစ်စင်း အရှိန်ဖြင့်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်တိုက်မိကြခြင်းဖြစ်ကြောင်း မိုလန်ရထားဌာနက ဆိုသည်။


တစ်စင်းက တောင်ဘက် ကရာကောမြို့သို့ ၀ါဆောမှ ဦးတည်ခုတ်မောင်းလာပြီး အခြားတစ်စင်းက အရှေ့တောင် ဘက် ပရစ်ဇမ်မီဆိုင်းလ်မြို့မှ ၀ါဆောသို့ ဦးတည်ခုတ်မောင်းလာသော ရထားဖြစ်သည်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်သည် အခြားဝန်ကြီးသုံးဦးနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ တနင်္ဂနွေနေ့ မနက်ပိုင်း တွင်ရောက်ရှိလာခဲ့သည်။
`နှစ်ပေါင်းများစွာအတွင်း ဒါအဆိုးဝါးဆုံး မတော်တဆမှုတစ်ခုပါပဲ။ သေဆုံးသူ ၁၅ ယောက်ဖြစ်သွားမှာ ကျွန်တော် မလိုလားပါဘူး။´ ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

ရထားပေါ်တွင် ပြင်သစ်နှင့် စပိန်လူမျိုးများလည်း လိုက်ပါလာကြပြီး ထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။ ထိခိုက်ဒဏ်ရာရရှိသူ များထဲတွင် ယူကရိန်းလူမျိုးများပါဝင်ကြောင်းသိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အခင်းဖြစ်ပွားမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။