Thursday, March 22, 2012

အာဖဂန်တွင် ကျေးရွာသား ၁၆ ယောက်သတ်ဖြတ်ခဲ့သော အမေရိကန်စစ်သားကို ရုံးတင် (ဗွီဒီယိုသတင်း)

ရောဘတ်ဘေးလ်





အာဖဂန်တွင် ကျေးရွာသား ၁၆ ယောက်ကို ပစ်သတ်ခဲ့သော အမေရိကန်တပ်ကြပ်ကြီး ရောဘတ်ဘေးလ် အမေရိကန်တရားရုံးတွင် အမှုရင်ဆိုင်နေရပြီဖြစ်သည်။
သူ၏ရှေ့နေ ဂျွန်ဟန်နရီဘရောင်းက သူ့အမှုသည်ကို စွဲချက်တင်ထားသော အမှုအတွက် ကျူးလွန်ကြောင်း သက်သေအထောက်အထား အလွန်ရှားပါးကြောင်း ထုချေပြောဆိုထားပြီး အခင်းဖြစ်ပွားခဲ့သော ညက ဖြစ်ရပ်များကို ရောဘတ်ဘေးလ် သိပ်မမှတ်မိကြောင်း ဆိုသည်။
အယ်ဂျာဇီယာသတင်းထောက် အလန်ဖစ်ရှာက ၀ါရှင်တန်ဒီစီမြို့သို့ သွားရောက်သတင်းယူခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။